မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဒါကာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၂ ဦး နှင့်အတူ ယခုထိ COVID-19 ကြောင့် အသေအပျောက်အများဆုံးနေ့ ဖြစ်ကြောင်း သိရသည်။

ကိုင်ရို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းရှိ မြစ်ဝကျွန်းပေါ်မြို့လေးဖြစ်သည့် Toukh မြို့တွင် ဧပြီ ၁၈ ရက်က ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးပြီး အခြား ၉၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac COVID-19 ကာကွယ်ဆေး ဒုတိယသုတ်သည် ဖနွမ်းပင်မြို့သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ် (Landing Ship) နှစ်စီးကို ပင်လယ်နက်သို့ စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်မင်းသားကြီးဖိလစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၁၇ ရက်က ဝင်ဆာရဲတိုက် စိန့်ဂျော့ခ်ျဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျကာတာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အရှေ့ဂျာဗားပြည်နယ်တွင် ဧပြီ ၁၀ ရက်အစောပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးထိရှိလာပြီး အခြား ၃၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမခံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ၊ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း Seroja ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၇၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသဖြင့် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရာသီဥတုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၅ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ရောမ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အသစ်ထွက်ရှိခဲ့သည့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း လစဉ်အစီရင်ခံစာအရ မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများက ၁၀ လမြောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ကဧပြီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။