ပူလီအလမ်၊ အာဖဂန်နစ္စတန်၊ မေ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် မြို့တော် ပူလီအလမ် ရှိ ပြည်နယ်ဆေးရုံအပြင်ဘက် လူထူထပ်သောလမ်းမတစ်နေရာတွင် ဧပြီ ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

မက္ကစီကိုစီးတီး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မက္ကစီကိုနိုင်ငံ မြောက်ပိုင်း Nuevo Leon ပြည်နယ် ရှိ Del Norte အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်ငယ်တစ်စင်းပျက်ကျမှုတွင် အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မြို့ပြကာကွယ်ရေး အာဏာပိုင် မှ ဧပြီ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။

ဂျေရုဆလမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် ပွဲတော်တစ်ခုသို့ လူသောင်းချီတက်ရောက်ခြင်းကြောင့် လူတိုးဝှေ့မှုဖြစ်ပေါ်ကာ ဧပြီ ၂၉ ရက် ညသန်းခေါင်ယံနောက်ပိုင်းတွင် လူ ၄၄ ဦးထက်မနည်းသေဆုံးပြီး ၁၀၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဧပြီ ၂၈ ရက် နံနက် ၇ နာရီ ၅၁ မိနစ်က ပြင်းအား(၆.၄)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အိန္ဒိယ ငလျင်ဗေဒဆိုင်ရာ အမျိုးသားစင်တာ(NCS)၏ ယင်းနေ့တွင် တိုင်းတာချက်များအရ သိရသည်။

ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

၁၉၆၉ ခုနှစ်က လကမ္ဘာသို့ အောင်မြင်စွာ သွားရောက်နိုင်ခဲ့သော အပိုလို ၁၁ အာကာသခရီးစဉ်တွင် လိုက်ပါသွားသူ အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် အမေရိကန်နိုင်ငံသား အာကာသယာဉ်မှူးမိုက်ကယ်ကိုလင်း (Michael Collins) သည် ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်တွင် အသက် ၉၀ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ဧပြီ ၂၈ ရက်၌၂၀၁,၁၈၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မွမ်ဘိုင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပစ္စည်းပြတ်သွားသော တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) များကို ကျန်းမာရေးဝန်ထမ်းများအတွက် ချုပ်လုပ်နေသလို အစိုးရနှင့် ပုဂ္ဂလိက စင်တာများ၌ ကာကွယ်ဆေးထိုးနှံခြင်းများ ပြန်လည်စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများအား အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ထွက်ခွာကြရန် ဧပြီ ၂၇ ရက်က ညွှန်ကြားထားကြောင်း သိရသည်။