ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် အချို့သောလုပ်ငန်းများသာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ရန်လိုအပ်ပြီး ကျန်သည့် လုပ်ငန်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ များအား လုပ်ပိုင်ခွင့်လွှဲထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေနှင့် ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည့်...
ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် အီးယူမှ ထွက်ခွာသွားမည်ဖြစ်သော်လည်း အီးယူဆီသို့တစ်ဖန် ပြန်၍ ဦးလှည့်တော့မည်မဟုတ်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေက အောက်တိုဘာလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇူလိုင်လနှင့် သြဂုတ်လပိုင်းက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ငါးမွေးမြူရေးကန်များအား ပြည်ထောင်စု အစိုးရမှ ကျပ် ၁၇ ဒသမ ၂သန်း ထောက်ပံ့ပေးရန် ခွင့်ပြုလိုက် ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တုတ်၊ ဓားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခံရကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအကြား အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်သွားရန် နှင့် အပြန်အလှန်ဆွေးနွေးမှုများ တွန်းအားပေးသွားရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် လျူယန်ဒေါင်း(Liu Yandong) ကအောက်တိုဘာလ ၁ဝရက်တွင်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီးနောက် ပြည်သူ ၁.၄ သန်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အောက်တိုဘာလ ၁ဝ ရက်တွင် သတင်းသမားများအားပြောကြားလိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ ပူးပေါင်း၍ မြန်မာ နိုင်ငံ ရှိ မျက်စိအတွင်းတိမ် လူနာ(၂၀၀)ဦးအား အခမဲ့ ခွဲစိတ်ကုသမည့်...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် အောက်တိုဘာလလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆၆၂.၈၃၅ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂ခု၊ အမေရိကန်ဒေါ်လာ ၉၉.၈၈၆ သန်း အားခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ...
ကန်းစု၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်၏ သဘာဝအလှအပများကို ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသတွင်းခရီးသွားသူများမှာ ပြောစမှတ်ပြုကြရသည်။ ကြီးမားကျယ်ပြန့်သည့်သစ်တောအုပ်ကြီးနှင့်အတူ ဗုဒ္ဓဘာသာကိုးကွယ်သူတို့်ထုလုပ်ဖန်ဆင်းထားသည့်ပန်းပုရုပ်ထုများနှင့် အနီရောင်သဲကျောက်များ၊ကျောက်ဆောင်ကျောက်တောင်များက မြင်တွေ့ရသူများအဖို့အံ့အားသင့်ဖွယ်ဆွဲဆောင်နိုင်မှုကြောင့် ကန်းစုပြည်နယ်၏အလှအပများမှာကျော်ကြားသည်။ (Xinhua)
ကွမ်တုံ၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်တွင် တိုင်လုံးများပေါ်တွင်တက်ကာကပြရသည့် ခြသေ့ၤအကပြိုင်ပွဲကိုကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များမှာ သတ်မှတ်ထားသည့်တိုင်လုံးများပေါ်တွင်ကျွမ်းကျင်စွာကပြဖျော်ဖြေကြရသည်။ အချို့တိုင်လုံးများမှာရေထဲတွင်ပင်စိုက်ထူထားသည်များလည်းရှိပြီး ထိုတိုင်လုံးများမှအောက်သို့ပြုတ်မကျစေရန်အထူးသတိပြုကပြဖျော်ဖြေပြိုင်ပွဲဝင်ရခြင်းဖြစ်သည်။ (Xinhua)