နေပြည်တော် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) ၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့သြဂုတ် ၂ ရက်တွင် စတင် ကျင်းပရာ ကျောက်မျက် အတွဲပေါင်း ၃၂၆ တွဲ ၊ ကျောက်စိမ်း...
ဘဂ္ဂဒက် ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ က သြဂုတ်လ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယခုနှစ်ဇူလိုင်လ အတွင်း အီရတ် နိုင်ငံ ပြည်သူလူထုပေါင်း ၂၃၉ ဦး သည်...
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့၌ တရားဝင်ကြက်ပေါက်များ တင်သွင်းမှုကို သြဂုတ် ၃ ရက်မှစတင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ သြဂုတ် ၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းနေရာတစ်ခုတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Sirius ကွန်မန်ဒိုတပ်ဖွဲ့က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် အထိမ်းအမှတ်အဖြစ် တိုက်ပွဲဝင်မည့် စစ်ရေးပြလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ Siriusကွန်မန်ဒိုတပ်ဖွဲများသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အထူးတပ်ဖွဲဝင်များဖြစ်ကြပြီး စစ်သည်များသည် စစ်မဟာဗျူဟာများကိုလွန်စွာကျွမ်းကျင်ကြသည်။(Xinhua)
ပေကျင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ယခုတင်ဆက်သည့် video ဖိုင်မှာ သြဂုတ်လ ၁ ရက်နေ့တွင်ကျရောက်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နှစ် ၉ဝ ပြည့် အထိမ်းအမှတ်အားကြိုဆိုဂုဏ်ပြုသည့် video ဖိုင်ဖြစ်ပါသည်။(Xinhua)
ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အမေရိကန်လွှတ်တော် က ခရစ်စတိုဖာ ဝရွေး အား ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ (FBI) ညွှန်ကြားရေးမှူး အသစ်အဖြစ် အတည်ပြုရန် သြဂုတ် ၁ ရက်က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၌ ဇူလိုင်လ အတွင်းက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသော ကျောင်းများအား ရေပြန်လည်ကျဆင်းသွားသဖြင့် ကျောင်း ၁၀၀ပြန်လည် ဖွင့်လှစ်သင်ကြားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် သြဂုတ် ၅ ရက်မှ ၉ရက်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ သွားရောက် လည်ပတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။