Connect with us

North America

ခရစ်စတိုဖာ ဝရွေး အား အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး အဖြစ် အမေရိကန်လွှတ်တော် အတည်ပြု

အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရသည့် ခရစ်စတိုဖာ ဝရွေး အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အမေရိကန်လွှတ်တော် က ခရစ်စတိုဖာ ဝရွေး အား ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ (FBI) ညွှန်ကြားရေးမှူး အသစ်အဖြစ် အတည်ပြုရန် သြဂုတ် ၁ ရက်က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဝရွေးသည် ထောက်ခံမဲ ၉၂မဲ၊ ကန့်ကွက်မဲ ၅မဲဖြင့် အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းကော်မီ နေရာကို ရရှိခဲ့သည်။ ဂျိမ်းကော်မီသည် ထရမ့် မဲဆွယ်ပွဲ နှင့် ရုရှားအစိုးရအကြား ချိတ်ဆက်နေမှု ဖြစ်နိုင်ခြေများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းအား မေလတွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရှိခဲ့သည်။

ဇွန်လတွင် ဝရွေးအား ဂျိမ်းကော်မီ အစား အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး နေရာကို တာဝန်ယူရန် ထရမ့်က နာမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဝရွေးသည် နယူးယောက် ရှေ့နေမိသားစုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၁၉၈၉ခုနှစ်တွင် Yale တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ကာ ၁၉၉၂ခုနှစ်တွင် Yale ရှေ့နေကျောင်းမှ ရှေ့နေဘွဲ့ရရှိခဲ့ကြောင်း သိရသည်။

တရားရေးရာဋ္ဌာန အစိုးရရှေ့နေအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် ဝရွေးသည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးတာဝန်ခံ အထွေထွေလက်ထောက်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရကြောင်း သိရသည်။

၎င်းသည် ၂၀၀၅ခုနှစ်တွင် အလုပ်မှ အနားယူခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းတစ်ခု နှင့် တွဲဖက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ ဥပဒေအရ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး သည် တစ်ကြိမ်လျှင် ၁၀နှစ် သက်တမ်း တာဝန်ထမ်းဆောင်ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.