ရန်ကုန်၊ အောက်တိုဘာ ၁၆ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံတွင် ခြေစမ်းကြမည့် ဘာရိန်းနှင့်မြန်မာ ဘောလုံးချစ်ကြည်ရေးခြေစမ်းပွဲအား ယနေ့အောက်တိုဘာ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည၁၀း၄၅နာရီ၌ဘာရိန်း အမျိုးသား အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ခြေစမ်းပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် ဆော်ဒီသတင်းထောက်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ နှင့် ဆွေးနွေးပြောဆိုရန် ဆော်ဒီအာရေဗျနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်တွင် တရားဝင်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရှီချန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် BeiDou-3 တည်နေရာပြဂြိုဟ်တု ၂ လုံးကို အောက်တိုဘာ ၁၅ ရက် နေ့လည် ၁၂း၂၃ နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။...
တိုင်ရှန်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း တိုင်ရှန် ဒေသတွင် နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို ကျင်းပရာ ကမ္ဘာတစ်ဝန်းလုံးက စွန်လွှတ်အဖွဲ့ပေါင်း ၇ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ အဆိုပါပွဲတော်တွင် ပုံမှန်အတိုင်း စွန်လွှတ်ခြင်းမျိုးမဟုတ်ဘဲ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာများကို အသုံးပြုကာ စွန်များကို ပုံစံမျိုးစုံဖန်တီးကာ ကောင်းကင်တွင် အလှဆင်ဖန်တီးခဲ့ကြသည်။ ထိုသို့ပုံဖော်ကြသည့်ထဲတွင်စွန်များဖြင့်...
ဟိတ်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား (Willem-Alexander) နှင့် ဟိတ်မြို့ (Hague) နန်းတော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်း ပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာပါ ၂ ရွာရှိ နေအိမ် ၁၆ လုံးအား ဖျက်သိမ်း၍ ကျေးရွာ အတွင်းသို့ ယာယီပြောင်းရွှေ့ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမျိုးသား(၃)ဦးအား လက်ခတ်လှေတစ်စီး နှင့် အတူ စိတ်ကြွဆေးပြား ၁၁၇,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်) နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။