ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက်တွင် နိုင်ငံတကာခြေစမ်းပွဲ အဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်မည့်ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့ ၏ ဘောလုံး ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတချို့မှ ဒိုင်အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
မေးလ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံတွင် ပထမဆုံး ဖြစ်သည့် တရုတ် မော်လ်ဒိုက် ချစ်ကြည်ရေး ပင်လယ်ကူးတံတား ကို တရုတ်နိုင်ငံက ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၂ဝ၁၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့သည်။ ထိုတံတားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ဖွင့်လှစ်ခဲ့ ကာ...
ကိုင်ရို၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံသူ အသက် ၁၄ နှစ်အရွယ်ရှိ Reem Ashraf သည် အောက်တိုဘာလ ၅ ရက်နေ့ တွင် ရှမ်အမ်ရှိတ်မြို့ရှိ အက်ကွာဘာ ပင်လယ်ကွေ့ ရေအောက်၌ နာရီပေါင်း ၅၆ နာရီ (၂ ရက်နှင့် ၇ နာရီ)...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား လမ်းလျှောက် ပြိုင်ပွဲကို ယနေ့နံနက် ၆နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ၂ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး IS စစ်သွေးကြွ ၇ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဒမက်စကက်စ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း ဆီးရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Muhammad al-Sha’ar က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့တွင် အောက်တိုဘာလ ၁၄ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုအတွင်းမှ ၃ ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။