ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဖြူစင်သန့်ရွှေဆိုင်အား သေနတ်ပစ်ခတ်ပြီး ဝင်ရောက်အနုကြမ်းစီးသူအား ဖမ်းဆီးရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြုံယမ်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) Miss Myanmar International 2018 Grand Final ပြိုင်ပွဲအား ယနေ့ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အလှမယ် သရဖူ Winner ဆုအား ခါးနံပါတ် (၂၈)အလှမယ် မေယုခတ္တာ က ရရှိသွားခဲ့သည်။ထို့အတူ...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နှင့် တောင်တွင်းကြီး မြို့ များ တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း အား သင့်တော်သည့်အချိန်တွင်အိမ်ဖြူတော်သို့လာရောက်လည်ပတ်ရန်ဖိတ်ခေါ်သွားမည်ဟုဆိုသည်။ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်က ကင်ဂျုံအန်းနှင့် သမိုင်းဝင်တွေ့ဆုံပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)
စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ၎င်းတို့၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပွဲ ပြီးနောက် ဇွန် ၁၂ ရက်တွင် စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနား ၌ ထရမ့်က...
စင်ကာပူ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအမ်နှင့် စင်ကာပူနိုင်ငံတွင် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပြီး ဇွန်လ ၁၂ရက်နေ့မွန်းလွဲပိုင်းတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲတရပ်ကိုကျင်းပခဲ့သည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။ (xinhua)
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု အကြိမ် ၄၀ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။