ကီတို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ တည်ရှိသော Litoral အကျဉ်းထောင်၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသည့် ထောင်ဆူမှုအတွင်း အကျဉ်းသား ၂၄ ဦးထက်မနည်း သေဆုံးကာ အခြား ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ...
ဝူကျန့်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် ကမ္ဘာ့အင်တာနက် ညီလာခံအားတရုတ်နိုင်ငံ အရှေ့ပိုင်းဝူကျန့်မြို့တွင်ကျင်းပလျက်ရှိသည်။ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် အွန်လိုင်းမှကုသသောဆေးရုံများ တည်ထောင်မှု ၌ ခေတ်မီဝန်ဆောင်မှုများစွာကို ကနဦး စတင်အကောင်အထည်ဖော်ဆောင်ခဲ့သည့် အင်တာနက်ဆေးရုံတစ်ခုဖြစ်သော ဝူကျန့်အင်တာနက်ဆေးရုံကို ဆင်ဟွာသတင်းထောက် ကျန်းလီနှင့်အတူ လိုက်ပါလေ့လာကြည့်ရှုရန်ဖိတ်ခေါ်ပါသည်။ (Xinhua) ………………………… (English Version)...
ကျူးဟိုင်၊ ကွမ်တုန်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မကြာမီကျင်းပမည့် ၁၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ လေကြောင်း နှင့် အာကာသပြပွဲ၌ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် AG600 ကုန်းရေ နှစ်မျိုးသွား လေယာဉ်ကြီးကို ပထမဆုံးအကြိမ်လေကြောင်းပြသမှု ပြုလုပ်သွားမည်ဟုသိရသည်။ အမည်ဝှက် ကူးလွန်ဟုပေးထားသည့် AG600 လေယာဉ်ကြီးသည်...
ဝါရှင်တန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့် တနင်္လာနေ့တွင် အိမ်ဖြူတော်၌ COVID-19 ကာကွယ်ဆေး ထပ်မံအားဖြည့် ထိုးနှံမှု booster shot ခံယူပုံကို မှတ်တမ်းထားသည့် ရုပ်သံဖိုင်ဖြစ်သည်။ “ထပ်မံအားဖြည့် ကာကွယ်ဆေးတွေဟာ အရေးကြီးပါတယ်၊ ဒါပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ပြည်သူတွေ ဒီထက်ပိုပြီးကာကွယ်ဆေးထိုးကြဖို့ကျွန်တော်တို့လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု...
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)သည် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့သစ် ကြည့်မြင်တိုင်မြို့နယ် ကျေးရွာတစ်ရွာတွင် အခက်အခဲရှိသည့် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ကို စက်တင်ဘာ ၂၈ ရက်က ဆန်တန်ချိန် (၄)တန်စသည့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုအကြိမ်လှူဒါန်းမှုသည်...
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ၁,၉၃၀,၀၀၀ ကျပ်မှ ၂,၂၂၀,၀၀၀ ကျပ် အထိ ၄ ရက်အတွင်း ၂၉၀,၀၀၀ ကျပ် တက်သွားခဲ့ကြောင်း ၊ ပြင်ပတွင်ဒေါ်လာဈေးမြင့်တက်လျက်ရှိပြီး ရွှေဝယ်လိုအားများနေသော ကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့...
ဘန်ကောက် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံရှိ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် အပူပိုင်းမုန်တိုင်း Dianmu ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူ ၆ ဦးထက်မနည်း သေဆုံးပြီး အခြားသူ နှစ်ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင်...
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) လူဦးရေအထူထပ်ဆုံးနှင့် အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် လူတန်းစားအားလုံးတွင် အသင့်အတင့် ကြွယ်ဝချမ်းသာမှုရရှိခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ စက်တင်ဘာ ၂၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။ လူတန်းစားအားလုံးတွင် အသင့်အတင့်ကြွယ်ဝချမ်းသာမှု ရရှိခြင်းဖြင့်...
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ်နှင့် စက်တင်ဘာ ၂၇ ရက်တွင် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ရာစုနှစ်ကပ်ရောဂါသည် နှစ်တစ်ရာအပြောင်းအလဲကို ပို၍ မြန်ဆန်စေရာ ကမ္ဘာကြီးသည် မသေချာမရေရာမှု၊မတည်ငြိမ်မှုတို့နှင့် ပြည့်နှက်နေကြောင်း၊...
ဆိုးလ် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသော အလေးချိန် တန် ၃,၀၀၀ ရှိ တတိယမြောက် ပြည်တွင်းဖြစ် ရေငုတ်သင်္ဘောအား ရေချသွားမည် ဖြစ်ကြောင်း ရေတပ် နှင့် ကာကွယ်ရေး စစ်လက်နက် ဝယ်ယူရေးအစီအစဉ် စီမံခန့်ခွဲရေးဌာန (DAPA) က စက်တင်ဘာ...