Connect with us

မြန်မာ-ENG

အီကွေဒေါနိုင်ငံ၌ ထောင်ဆူမှုအတွင်း အကျဉ်းသား ၂၄ ဦး သေဆုံး

ကီတို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ တည်ရှိသော Litoral အကျဉ်းထောင်၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသည့် ထောင်ဆူမှုအတွင်း အကျဉ်းသား ၂၄ ဦးထက်မနည်း သေဆုံးကာ အခြား ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ နှင့် အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အကျဉ်းထောင်၏ နေရာအသီးသီးတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း သေဆုံးသွားသူများ၏ အရေအတွက်ကို Guayaquil မြို့ ၊ Guayas စီရင်စုအုပ်ချုပ်ရေးမှူး Pablo Arosemena က ဒေသတွင်းမီဒီယာအား အတည်ပြုပြောကြားခဲ့သည်။

အဆိုပါပဋိပက္ခများသည် အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နှင့် အခြားသော ကြိုတင်စီစဉ်ထားသည့် ရာဇဝတ်မှုများကို ထိန်းချုပ်ရန်အတွက် ဂိုဏ်းအုပ်စုများအကြား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုဖြစ်စဉ်မှာ အကျဉ်းသား ၇၉ ဦး နှင့် ရဲအရာရှိများအပါအဝင် ဒဏ်ရာရရှိသူ ၂၀ ဦးခန့် ရှိခဲ့သည့် အကျဉ်းထောင် ၄ ခု၌ ညှိနှိုင်းတိုင်ပင်ထားသော ထောင်ဆူမှုများ ဖြစ်ပွားခဲ့သော ဖေဖော်ဝါရီလနောက်ပိုင်း ပေါ်ပေါက်ခဲ့သည့် လူသေဆုံးမှုအများဆုံးဖြစ်ရပ် တစ်ခု ဖြစ်သည်။

Litoral အကျဉ်းထောင်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် သေနတ်ပစ်ခတ်မှု နှင့် ပေါက်ကွဲမှုများ ပါဝင်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

မြို့သူ/သားများအနေဖြင့် အေးချမ်းစွာ နေနိုင်ကြောင်း နှင့် ရဲတပ်ဖွဲ့ နှင့် နည်းဗျူဟာတပ်ဖွဲ့ဝင်များအနေဖြင့် ၂၄ နာရီထပ် နောက်မကျဘဲအကျဉ်းထောင်အား ဥပဒေစိုးမိုးရေး ပြန်လည်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း စီရင်စုအုပ်ချုပ်ရေးမှူး Pablo Arosemena က ပြောကြားခဲ့သည်။ (Xinhua)

———————————————
(English Version)
Prison riot leaves 24 dead in Ecuador

QUITO, Sept. 28 (Xinhua) — At least 24 inmates were killed and another 48 were injured in clashes Tuesday at the Litoral Penitentiary located in the coastal city of Guayaquil, in southwestern Ecuador, authorities and the National Police said.

Speaking to local media, Pablo Arosemena, the governor of the province of Guayas, whose capital is Guayaquil, confirmed the number of victims in Tuesday morning’s melee in different parts of the prison.
The clashes took place between gangs fighting for control of drug trafficking and other crimes planned inside the prison, said Arosemena.

It was the deadliest such incident since February, when a series of coordinated riots at four prisons left 79 inmates dead and some 20 people wounded, including police officers.
The National Police said on Twitter that the clashes at Litoral Penitentiary included “detonations of firearms and explosions.”

Arosemena said that “citizens can be calm, the police and tactical forces managed to restore order in less than 24 hours” at the prison. Enditem
Photo – Policemen arrive at the prison where riots broke out in Guayaquil, Ecuador, Feb. 23, 2021. At least 67 prisoners died on Tuesday during violent riots in three Ecuadorian prisons due to clashes between rival gangs, Director of the Comprehensive Care Service for Adults Deprived of Liberty Edmundo Moncayo said at a press conference at the government palace in Quito. (Str/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.