Connect with us

Asia

သီရိလင်္ကာ စွန့်ပစ်အမှိုက်ပုံပြိုကျမှု မှ လူသေအလောင်း ၁၀ လောင်း ရှာဖွေတွေ့ရှိ

ပြိုကျခဲ့သည့် Meethotamulla စွန့်ပစ်အမှိုက်ပုံကြီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ အပြင်ဘက် ရှိ စွန့်ပစ်အမှိုက်ပုံတစ်ခု ပြိုကျခဲ့သည့် နေရာမှ လူသေအလောင်း ၁၀လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံအာဏာပိုင်များက ဧပြီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

Meethotamulla စွန့်ပစ်အမှိုက်ပုံကြီးသည် ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းက နေအိမ် ၆၀ ကျော်ပေါ်သို့ပြိုကျခဲ့ကြောင်း သိရပြီး အချို့သတင်းရင်းမြစ်များအရ အမှိုက်ပုံပြိုကျမှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။

အမှိုက်ပုံပြိုကျမှုကြောင့် အမှိုက်များအောက်တွင် လူပေါင်းများစွာ ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ညသန်းခေါင်အထိ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

သေဆုံးသူ များအနက် ၄ဦးမှာ ကလေးငယ်များဖြစ်ပြီး အခြားလူအများအပြားအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက လူပေါင်း ၁၈၀ကျော်ကို နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

အမှိုက်ပုံပြိုကျသည့် နေရာ၌ မီးလောင်မှုလည်းဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်ရန် လေတပ်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

သီရီလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena က အမှိုက်ပုံပြိုကျမှုဒဏ်ခံခဲ့ရသည့် မိသားစုများအား အကူအညီအထောက်အပံ့များပေးရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာသို့ ညွှန်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဧရိယာတွင် နေထိုင်သူများသည် အမှိုက်ပုံအား အခြားနေရာသို့ပြောင်းရွှေ့ပေးရန် လွန်ခဲ့သော လပေါင်းများစွာကတည်းက အာဏာပိုင်များထံ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117