Connect with us

Local

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၂.၇ ဘီလီယံကျော်ရှိ

ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းအား တွေ့ ရစဉ်(ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန)

ရန်ကုန် ၊ မေ ၉ ရက်(ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ဧပြီလ ၂၈ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (ITC) ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၂,၇၆၅,၈၁၂,၈၂၉ ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ ၂၈ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၁၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ပို့ကုန် တန်ဖိုး ၁၂၄,၂၇၆,၇၆၀ ကျပ် ၊ သွင်းကုန် တန်ဖိုး ၂,၆၄၁,၅၃၆,၀၆၉ ကျပ်ဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ ၂,၇၆၅,၈၁၂,၈၂၉ ကျပ် ရှိကြောင်း သိရသည်။

ထို့အတူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလ ၂၈ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (ITC) စုစုပေါင်း ၁၂၇၄ ကတ် ရှိပြီး ကုန်သွယ်မှု ပမာဏ ကျပ် ၄၄,၅၂၀,၅၉၄,၉၅၇.၅၁၈ ရှိကြောင်း သိရသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေးခဲ့ပြီး တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117