Connect with us

Science & Technology

ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အတွက် ကျပ်သန်း ၈,၀၀၀ ကျော် အသုံးပြုမည် ဟုဆို

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် ဓာတ်အားအပေး စက်ရုံ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးတွင် လျှပ်စစ် မီးလင်းရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျပ်သန်း ၈,၀၀၀ အသုံးပြုသွားမည် ဟု ရန်ကုန်တိုင်း ဒသကြီး၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်းစန်းနွယ် ထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ၂၀၁၅-၂၀၁၆ အတွက် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဆိုင်ရာ လျာထားချက်မှာ မီးလင်းရေး အတွက် ငွေလုံး ငွေရင်း အသုံးစားရိတ် အဖြစ် တင်ပြ တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာငွေရရှိပါက မြို့နယ် ၂၂ မြို့နယ်နှင့် တိုက်နယ် ဆေးရုံ ၁၁ ရုံတို့၌ လိုအပ်သော မီးလင်းရေး လုပ်ငန်းများ နှင့် နေရောင်ခြည် စွမ်းအင်သုံး မီးလင်းစက်များ ပြုလုပ်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၁၈ မြို့နယ်၌ ထရန်စဖော်မာ၊ ဓါတ်ကြိုး၊ ဓါတ်မီးတိုင် နှင့် တခြား ဆက်စပ် ပစ္စည်းများ ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး ရရှိသော်လည်း မီးမရရှိသေးသည့် ရပ်ကွက်များ ၊ ကျေးရွာများ၌ မီးလင်းရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီး မရရှိသေးသည့် တိုက်နယ် ဆေးရုံ ၆ ရုံ တို့၌လည်း ဆိုလာမီးများ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117