Connect with us

Science & Technology

ဟန်းဆက်သစ်နှင့်အတူ အမြင့်ဆုံးဈေးကွက် ရရှိရန် ဟွာဝေး မျှော်မှန်း

ဟွာဝေးကအသစ်ထုတ်သည့် Mate S ကို ကြည့်ရှုနေသူတစ်ဦး။ (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော ဟွာဝေး(Huawei) ကုမ္ပဏီသည် နောက်ဆုံးပေါ် နည်းပညာမြင့် ဟန်းဆက်အား ယခုတစ်ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဖြန့်ချိပြီး အက်ပ်ပဲ(Apple) နှင့် ဆမ်ဆောင်း (Samsung) စမတ်ဖုန်း များအား ယှဉ်ပြိုင်သွားရန် ရှိကြောင်း China Daily တွင် တနင်္ဂနွေနေ့က သတင်းဖော်ပြထားသည်။

ဟွာဝေးက Mate S ကို ကြာသပတေးနေ့က ဘာလင်တွင် မိတ်ဆက် ခဲ့သည်။ ဈေးနှုန်းအားဖြင့် အမေရိကန် ဒေါ်လာ ၇၈၀ သတ်မှတ်ထားပြီး ဟွာဝေးဟန်းဆက်များထဲတွင် ဈေးအကြီးဆုံးဖြစ်ပါသည်။ ယခင် မော် ဒယ်များကတော့ ဒေါ်လာ ၅၀၀ မှ ၆၅၀ ဝန်းကျင်သာ ရှိခဲ့ပါသည်။Mate S အနေဖြင့် စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည့် Apple ကုမ္ပဏီ၏ နှစ်စဉ် ထုတ်ကုန်သစ်ပြပွဲတွင် စတင်မိတ်ဆက်ဖွယ်ရှိသည့် iPhone အသစ်ကို ယှဉ်ပြိုင်ရ လိမ့်မည်ဖြစ်သည်။

“Samsung ကဈေးကွက် ကျဆင်မှုဖိအားကို ရင်ဆိုင်နေရပြီး Apple ကတော့ ဈေးကွက်ဆန်းသစ်ပြောင်းလဲ မှု၏ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ ဒါဟာ ဟွာဝေးအနေနဲ့ ဈေးကွက်လက်ဦးမှု ရယူဖို့ အချိန်ကောင်းပဲ” ဟု ဟွာဝေး၏ Consumer business ဌာနမှူး ရစ်ချတ်ယွီက ပြောသည်။
ဟွာဝေးရောင်းအားသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ၄၆.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဈေးကွက်ဝေစု ၇.၈ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါသည်။

ဟွာဝေး Mate S သည် မျက်နှာပြင် ၅.၅ လက်မနှင့် လက်ဗွေရာလုံခြုံရေးစနစ် ပါဝင်ပြီး ဟန်း ဆက် အသုံးပြုသူအနေဖြင့် မတူညီသော နည်းပညာသစ်များကို တွေ့ရှိနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.