Connect with us

Politics, Law & Military

Y-8လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၈၉လောင်း သဂြိုလ်ပြီးစီး

Y-8 လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်းများအား သင်္ဂြိုလ်မှုပြုလုပ်နေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

Y-8လေယာဉ် ပျက်ကျမှုတွင် ယနေ့ချိန်ထိ ရုပ်အလောင်း ၈၉ လောင်း သဂြိုလ်ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၅ရက်နေ့ည နေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့တွင် ရုပ်အလောင်း ၁၈ လောင်းအား ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်းရုပ်အလောင်း ၈၉ လောင်းအား သဂြိၤုလ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်ကျသွားသည့် တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 မှ ခရီးဆောင်အိတ်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများလည်း ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

ယင်းလေယာဉ်ပေါ်၌ လေယာဉ်အမှုထမ်း ၁၄ ဦး၊ အရာရှိ ၆ဦး၊ စစ်သည် ၂၉ ဦးနှင့် မိသားစုဝင် ကလေး ၁၅ ဦး ၊ လူကြီး ၅၈ ဦး စုစုပေါင်း ၁၂၂ ဦးလိုက်ပါသွားခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.