Connect with us

Culture & Entertainment

မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ မေလတွင်ကျင်းပမည်

ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ်၊ မတ် ၁၈ ရက်ကကျင်းပခဲ့သော မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုချီးမြှင့်ပွဲ တွင် အကယ်ဒမီရရှိခဲ့သော သရုပ်ဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကို လေးနှစ်ကြာ ရပ်နားထားပြီးနောက် မေလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆင်ဟွာသို့ မေ ၂၄ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက “ဒီနှစ်အကယ်ဒမီကတော့ ထိုက်တန်တဲ့ အနုပညာရှင်တွေကိုပဲ ပေးအပ်သွားမှာပါ။ အခုအချိန်မှာတော့ ၃ နှစ် စာရုပ်ရှင်တွေိကို စိစစ်အကဲဖြတ်တဲ့အဖွဲ့က ကြည့်ရှုနေပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။
၂၀၁၉ခုနှစ်၊ ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် တစ်နှစ်ချင်းစီ ရုပ်ရှင်အကယ်ဒမီအထူးဆုအပါအဝင် စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ၃ နှစ်စာအတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၃၀ ကျော်ထဲကမှ ထူးချွန်သည့် အနုပညာရှင်များကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဓာတ်ပုံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ၊ အကောင်းဆုံးတေးဂီတဆု၊ အကောင်းဆုံးအသံဆု၊ အကောင်းဆုံးတည်းဖြတ်ဆုနှင့် အထူးဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရုပ်ရှင်အရည်အသွေးများကို မြှင့်တင်ရန် ရည်ရွယ်၍ ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲကို ၁၉၅၂ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လက ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး၊ ထူးချွန်ဆုပေါင်း ၁၂ ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117