Connect with us

Local

မြန်မာနိုင်ငံတွင် Digital Economy အောင်မြင်စွာ ပေါ်ထွန်းရေး အစိုးရ ပံ့ပိုးမည်

ဒစ်ဂျစ်တယ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် Digital Economy အောင်မြင်စွာ ပေါ်ထွန်း လာရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်ပံ့ပိုးမည်ဖြစ်ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ဒစ်ဂျစ်တယ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(Digital Economy Development Committee) အစည်းအဝေး (၁/၂ဝ၁၇)တွင် ဒုတိယသမ္မတက အထက်ပါအတိုင်းပြောကြားသည်။

Digital Economy ကိုအခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးရှိ ပြည်သူများဒစ်ဂျစ်တယ်နည်းပညာ ကိုအသုံးပြု၍ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့တွင်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများ နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို မြှင့်တင်ဖန်တီး၍ မြန်မာနိုင်ငံကို အာဆီယံဒေသ၏ Digital Hub တစ်ခုဖြစ်လာစေရန်နှင့် ၎င်းမှတစ်ဆင့် Digital Economy ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် အစရှိသည့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်း ရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများတွင် Digital Economy ကို တိုင်းပြည်၏အဓိကစီးပွားရေးအဖြစ် အကောင်အထည်ဖော်ရန် နှစ်အလိုက်ရည်မှန်းချက်များချမှတ် ဆောင်ရွက်လျက်ရှိကြကြောင်း ဒုတိယသမ္မတက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117