Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၇ ခု ခွင့်ပြုခဲ့

ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနရုံး (ရန်ကုန်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမှတ်စဉ် (၁/၂ဝ၁၇) အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၇ ခု ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနရုံး (ရန်ကုန်) မှ သိရသည်။

ယင်းလုပ်ငန်း ၂၇ ခု၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၂ )အရ ခွင့်ပြုခဲ့သည့် လုပ်ငန်း ၁၁ ခု ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေ (၂ဝ၁၆)အရ ခွင့်ပြုခဲ့သည့် လုပ်ငန်းခုနစ်ခုနှင့် အ တည်ပြု မိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်းကိုးခုတို့ ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၇ ခုတွင် စက်မှုလုပ်ငန်း ၁၄ ခု၊ ပို့ေ ဆာင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းနှစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတစ်ခု၊ တခြားဝန်ဆောင်မှု ကဏ္ဍလုပ်ငန်း ခုနစ်ခု၊ အိမ်ရာ အဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှု လုပ် ငန်းနှစ်ခုနှင့် စိုက်ပျိုးရေး ကဏ္ဍလုပ်ငန်း တစ်ခုတို့ကို ခွင့်ပြုခဲ့သည်။

အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၂၇ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၉၁၆ ဒသမ ၅၉၃ သန်းရရှိခဲ့ပြီး ထိုသို့ခွင့်ပြုလိုက်သည့် လုပ်ငန်းများမှ ပြည်တွင်းလုပ် သားများအတွက် အလုပ်အကိုင်ပေါင်း ၇၁၅၅ နေ ရာကျော် ဖန်တီးပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၂ဝ၁၇ ခုနှစ် ဇူလိုင် လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၃ ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း၂၉၈၉ .၈၁၃ ရရှိကြောင်း ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနရုံး (ရန်ကုန်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယားများအား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.