Connect with us

Local

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလ မှ မေလအတွင်း ကုန်သွယ်မှု လိုငွေ ကန်ဒေါ်လာ ၁ဝဝ၈.၄၂ သန်း ရှိခဲ့

သီလ၀ါ ဆိပ်ကမ်းရှိ ကုန်တင်သဘောင်္ တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလ မှ မေလအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၄၉၄၃ . ၂၄ သန်း ဖြစ်ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁ဝဝ၈.၄၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်း အဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉၆၇.၄၁ သန်း တင်ပို့ နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၇၅. ၈၃ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၄၉၄၃ . ၂၄ သန်း ရှိကြောင်း သိရသည်။ထို့အတူ မေလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၆၃. ၉၁ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၇၅၄. ၇၇ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117