Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယနေ့ စတင် ထုတ်ပြန်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲရုံ တစ်ခုမြင်ကွင်း။ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း များစာရင်းကို ယနေ့မှ စတင်ပြီး သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် စတင်ထုတ်ပြန် ကြေညာပေးထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ စတင်ထုတ်ပြန်ပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးများတွင် ကပ်ထားပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများဖြစ်သည့် တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ရုံးများ သို့ပေးပို့ထားကြောင်း၊ အခြားမြို့များတွင်လည်း ယနေ့မှစပြီး ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စာရင်းကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ထုတ်ပြန်ပေးထားပြီး တိုင်းရင်းသား ကိုယ်စားလှယ်လောင်း စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မရှင်ရုံးများတွင် ကြေညာပေးထားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းသည့် ပါတီပေါင်း ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၀၀၀ကျော် အနက် ၈၈ ဦးကို ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေနှင့် မညီညွတ်၍ ပယ်ချခဲ့သည်။

၂၀၁၅ အထွေထွေ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.