Connect with us

Politics, Law & Military

စိတ်ကြွဆေးပြား ၂၈ သန်းကျော်နှင့် ပတ်သက်သည့် သံသယရှိသူ ၆ ဦးကို ဖမ်းဆီး စစ်ဆေး

မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိသော မူးရစ်ဆေးဝါးများ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် တွေ့ရှိခဲ့သည့် စိတ်ကြွဆေးပြား ၂၈ သန်းကျော်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ ၆ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး တရားခံပြေး ၁၂ ဦး ကြေညာထား သော်လည်း လက်ရှိ စစ်ဆေးနေသည့် ၆ ဦးသည် ယင်းတရားခံပြေး ၁၂ ဦးထဲမှ မဟုတ်ကြောင်း ၎င်းကဆိုသည်။

မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေအတွင်း ဇူလိုင်လက တန်ဖိုးငွေ ကျပ် ၁၃၃.၅ ဘီလီယံ တန်ဘိုးရှိ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂၆.၇ သန်း တင်ဆောင်ထားသည့် ကားတစ်စီးကို နယ်မြေခံ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကားပိုင်ရှင်အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးရာတွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည့်ကား ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

ယင်းရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ်လ ၃ ရက်တွင် ရှာဖွေစစ် ဆေးရာတွင် ၎င်းတို့သည် နေအိမ်နှင့် ရုံးများကို သော့ပိတ်ကာ ထွက်ပြေး တိမ်းရှောင်သွား ပြီး၊ အဆိုပါ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော တန်ဖိုးငွေကျပ် ၇.၅ ဘီလီယံ တန်ဘိုးရှိ စိတ်ကြွဆေးပြား ၁.၅ သန်း ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။ (Xinhua)