Connect with us

Politics, Law & Military

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှု စတင်

ရွေးကောက်ပွဲအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ရုပ်မြင်သံကြားမှ တဆင့် မဲဆွယ် စည်းရုံးနေစဉ် (MRTV)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ယနေ့မှ စတင်ကာ မဲဆွယ်စည်းရုံးခြင်း၊ စုဝေးဟောပြောခြင်းများ ပြုလုပ်နေကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

ယနေ့ ပါတီကြီးနှစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် မန္တလေးမြို့နှင့် အခြားမြို့များတွင် စတင်မဲဆွယ် စည်းရုံးမှုပြုလုပ်ခဲ့သည်။မန္တလေးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ကားများ၊ ဆိုင်ကယ်များ၊ အလှပြယာဉ်များဖြင့် မြို့တွင်းတွင် လှည့်လည်၍ အပြိုင်အဆိုင် စည်းရုံးမှု ပြုလုပ်ခဲ့သည်။

ကိုယ်စားလှယ်လောင်း ၇၅၀ ကျော် ဝင်ပြိုင်မည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ရန်ကုန်မြို့တွင် လှည့်လည်၍ ယနေ့ ဟောပြောစည်းရုံးမဲဆွယ်မှုများ စတင်ပြုလုပ်ခဲ့သည်။ပါတီအများစုမှာလည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် စက်တင်ဘာ ၉ ရက်နေ့မှ စတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်ရန်ပြင်ဆင်နေကြသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှာ တသီးပုဂ္ဂလ ၃၂၃ ဦးနှင့် နိုင်ငံရေးပါတီ ၉၂ ပါတီမှ အမတ်လောင်း စုစုပေါင်း ၆၁၈၉ ဦးရှိပြီး ယင်းထဲမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးသည် ရွေးကောက်ပွဲ ဥပဒေနှင့် မကိုက်ညီသဖြင့် ပယ်ချကာ အယူခံပြန်ဝင်သူများထဲမှ အချို့ကို ပြန်လည် ခွင့်ပြုထားပြီး ၅၀ ကျော်ကို စိစစ်နေ ဆဲဟု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

နိုင်ငံရေးပါတီများက ခေါင်းဆောင်များအနေဖြင့် ပါတီမူဝါဒ စည်းရုံးဟောပြောချက်များကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို၊ လွှတ်တော်ရုပ်သံလိုင်းနှင့် ရွှေ FM ရေဒီယို တို့မှ တဆင့် ယနေ့ ည မှ စတင်ပြီး ပါတီတစ်ခုကို ၁၅ မိနစ်ကြာ ထုတ်လွှင့်ခဲ့သည်။

ယနေ့ညတွင် ရုပ်မြင်သံကြားမှ တဆင့် ဟောပြောမဲဆွယ်ခဲ့သည့် ပါတီများမှာ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံး စုဝေးဟောပြောမှု ယနေ့ တရားဝင် စတင်ခွင့်ရခဲ့သည်။ (Xinhua)