Connect with us

Politics, Law & Military

ကိုယ်စားလှယ်လောင်းများ သတ်မှတ်ထားသည့် ကျင့်ဝတ်စည်းမျဉ်းများ အတိုင်း မဲဆွယ် စည်းရုံး ဟောပြောနိုင် ဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများ အလိုက် မဲဆွယ်စည်းရုံး ဟောပြောနိုင်သည့် မြို့နယ်/ခရိုင် အလိုက် နေရာများ သတ်မှတ်ထားပြီး ကိုယ်စားလှယ်လောင်းများသည် သတ်မှတ်ထားသည့် ကျင့်ဝတ် စည်းမျဉ်းများ အတိုင်း မဲဆွယ်စည်းရုံး ဟောပြောခြင်းများ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။

“ပါတီကိုယ်စားလှယ်လောင်းအနေနဲ့ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ ဟောပြောစည်းရုံးခြင်း ဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၄) အရ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဆီ လျှောက်ပြီးတော့ ဟောပြော စည်းရုံးတာက ရွေးချယ်စရာ တစ်ခု ၊ ဒါမှ မဟုတ် ကျင့်ဝတ် (Code of Conduct) အရ သီးခြားနေရာ တစ်ခုမှာ သူတို့သဘောနဲ့သူတို့ဟောပြောစည်းရုံးရင်လည်း ဖြစ်ပါတယ်။အဲဒါလည်း ရွေးချယ်စရာ တစ်ခုပါ။အဘတို့ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဆီကို တင်ရင်တော့ အဘတို့သက်မှတ်ထားတဲ့ နေရာမှာ ဟောပြောစည်းရုံးဖို့နေရာပေးမှာပါ။သူဟာသူလုပ်မယ်ဆိုရင်တော့ သူဟာသူ နေရာ ရှာရမှာပေါ့။”ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ယနေ့ပြောသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်တင်ဘာ ၅ ရက်မှ စတင်ထုတ်ပြန်နေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီသူ ၈၀၂ ဦး ရှိပြီး ခရိုင်မှ စိစစ်ပြီး ငြင်းပယ်ခံထားရသော ၂၈ ဦးမှာ တိုင်းဒေသကြီးသို့အယူခံတတ်ထားခြင်းများ ရှိကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆွယ် စည်းရုံးခွင့် ကာလကို စက်တင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုသတ်မှတ်ပေးထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။(Xinhua)