Education & Health
ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၂၃ ဦးရှိ
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဇူလိုင် ၂၁ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်း ထန် အသက်ရှူလမ်း ကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်း လူနာ ၅၃၅ ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း ၂ဝ၄ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၂၃ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီအထိ အထူးကု ဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ ငါးဦး၊ အခြား တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီး များတွင် H1N1 ပိုးတွေ့အတွင်းလူနာ ၅၃ ဦး စုစုပေါင်း ၅၈ ဦး ဆက်လက် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး အများ စုမှာ သက်သာလျက်ရှိကြောင်း၊ အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင်လည်း အတွင်းလူနာအရေအတွက် သိသိသာသာ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ ဖြင့် ဆေးရုံတက်ရောက်နေသူများတွင်H1N1 ပိုးတွေ့လူနာများသာမက ပိုး မတွေ့လူနာများအား လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ ကုသရေးလမ်းညွှန်များအတိုင်း ထိရောက် သောကုသမှုများရရှိရန် အထူးအလေး ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခုခံကျကာလသားရောဂါ၊ ကျောက် ကပ်ရောဂါ၊ ပြင်းထန်အဆုတ်တီဘီ ရောဂါ၊ ဆီးချိုသွးချိုစသည့် အခြား ရောဂါအခံရှိသောသူများနှင့် ရာသီ တုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင် သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့် လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ရောဂါလက္ခဏာ များ ခံစားရပါက နီးစပ်ရာကျန်းမာရေး ဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ အချိန်မီထိ ရောက်စွာ ကုသမှုခံယူသင့်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၉) ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)