Connect with us

Asia

အိန္ဒိယ မြောက်ပိုင်းတွင် မြေပြိုမှုအတွင်း ဘတ်စ်ကား နှစ်စီးပြုတ်ကျ၊ လူ ၅၀ ဦးခန့် သေဆုံး

အိန္ဒိယ မြေပြိုမှုအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (သြဂုတ်လ ၁၃ ရက်) မြေပြိုမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ဘတ်စ်ကား နှစ်စီး မြေဖုံးလွှမ်းခံရပြီး အနည်းဆုံး လူ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း မတော်တဆမှုသည် အဆိုပါ ပြည်နယ်၏ မြို့တော် ရှင်မ်လာမှ ၂၂၀ ကီလိုမီတာအကွာရှိ မန်ဒီခရိုင် ကိုထရိုပီဒေသရှိ မန်ဒီ-ပတ်သန်ကွတ် အမျိုးသား အဝေးပြေးလမ်းမကြီးပေါ်တွင် ယနေ့ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“မြေပြိုကျသွားတဲ့အချိန်မှာ လူပေါင်း ၅၀ ဝန်းကျင်ပါသွားခဲ့တယ်” ဟု ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီး G.S. Bali က မီဒီယာသို့ ပြောသည်။

မြေပြိုမှုအတွင် ပါသွားခဲ့သည့် ဘတ်စ်ကား နှစ်စီးအနက် တစ်စီးမှာ မန်နာလီ အပန်းဖြေမြို့မှ ချမ်ဘာခရိုင်သို့ သွားနေခြင်းဖြစ်ပြီး အခြား ဘတ်စ်ကား တစ်စီးမှာ မန်နာလီမှ ဂျမ်မူးနှင့် ကက်မီးယားပြည်နယ်အနီးရှ ကတ်ထရာသို့ သွားနေခြင်း ဖြစ်သည်။ဒေသခံ ရုပ်မြင်သံကြား ချန်နယ်များ၏ သတင်းတင်ပြချက်အရ အဆိုပါ ဘတ်စ်ကား နှစ်စီးမှာ အဝေးပြေး လမ်းနံဘေးရှိ စားသောက်ဆိုင်တွင် အစာပြေစားသောက်ရန် ရပ်နားထားစဉ် ယခုကဲ့သို့ သဘာဝဘေးဖြင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။မန်ဒီခရိုင် ဒုတိယ ကော်မရှင်အဖွဲ့ဝှု် စန်ဒိ(ပ်) ကန်ဒမ်က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ရဲတပ်ဖွဲ့အား ကူညီရန် အိန္ဒိယ စစ်တပ်နှင့် အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့အား အကူအညီ တောင်းခံထားသည်ဟု ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117