Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ် နှင့် ပတ်သက်၍ ဆွေးနွေးနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ်များအပေါ် နိုင်ငံတော်သမ္မတရုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များထပ်မံ ဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ၊ ထိုအကြမ်းဖက်မှုဖြစ်စဉ် နှင့် ပတ်သက်၍နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ လူကိုယ်တိုင် လာရောက်၍ ယနေ့နံနက်စောစောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနေမှု အခြေအနေများကို တင်ပြခဲ့ကြောင်းသိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည်လည်း နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ် သတင်းပို့ခဲ့ပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား နိုင်ငံတော်သမ္မတအိမ်တော်၌ ၁၄း၀၀ နာရီ အချိန်တွင် လာရောက် တွေ့ဆုံကာ ရခိုင်ပြည်နယ် လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် အကြမ်းဖက်သမားများအား ထိရောက်စွာ နှိမ်နင်းရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် ယနေ့ ၁၅း၃၀ နာရီအချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (နေပြည်တော်) ၌ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ကြောင်း၊ထိုအစည်းအဝေးတွင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများမှ သြဂုတ်လ (၂၅) ရက်နေ့ နံနက် (၀၁း၀၀) နာရီမှ စတင်၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းများ၊ အခြေစိုက်စခန်း အများအပြားကိုတစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒါဏ်ရာ ရရှိမှု အခြေအနေများ၊ ပိတ်ဆို့ ခြင်းခံထားရသော အရပ်သား ပြည်သူများအား ကယ်ထုတ်ရန် လိုအပ်သည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တုံ့ပြန်ဆောင်ရွက်နေရသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရမှ မြေပြင်အခြေအနေ တင်ပြချက်များ စသည်တို့ကိုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ဒေသခံရပ်သူ/ ရွာသားများ၏ လုံခြုံရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန် အသေးစိတ် လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ပြည်နယ်အစိုးရထံသို့လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယခုအခါတွင် အဆိုပါ ဒေသ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားကိုလက်ရှိရှိသည့် အင်အားထက် တိုးမြှင့် တာဝန်ချထားရေးတို့ကိုဆောင်ရွက်ပေးထားပြီး၊ တပ်မတော်မှလည်း တပ်ဖွဲ့ အင်အားဖြည့်တင်းကာ ဒေသခံပြည်သူတို့၏ လုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် အစီအမံများပြုလုပ်ပေးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၁) ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်း (၁) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား (၇၇) ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ (၂) ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.