Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် ယနေ့ ဖြစ်ပေါ်နေသည့် ကြမ်းတမ်းရက်စက်သည့် တိုက်ခိုက်မှုလုပ်ရပ်များအား ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြေညာချက်ထုတ်ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်သမားများ၏ ကြမ်းတမ်းရက်စက်သည့် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်ဖြစ်စဉ်တွင် စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ရာတွင် သတ္တိရှိရှိ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက် ရှိသည့် ရဲဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ချီးကျူးဂုဏ်ပြုအပ်ကြောင်း၊ နိုင်ငံအတွက် အသက်ပေးလှူသွားသည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း တစ်သားတည်း ရပ်တည်လျက်ရှိပြီး ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်မှုနှင့် အချိန်ကိုက်၍ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရာရှိသည်ကို ယခင် ကတည်းက ကြိုတင်မှန်းဆထားသည့်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများအားလည်း ညွှန်ကြားချက်များ ပေးထားခဲ့ကြောင်း၊ယနေ့တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှု တို့အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ယုတ်လျော့သွားစေရန် ဦးတည်ချက်ရှိရှိ စနစ်တကျ စီမံဆောင်ရွက်နေသည့် လုပ်ရပ်များဖြစ်သည်မှာ ထင်ရှားနေကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမားများ၏ ရက်စက်ပြင်းထန်သည့် လုပ်ရပ်များကြောင့် မိမိတို့၏လုပ်ငန်းများ ယိမ်းယိုင်သွားမည် မဟုတ်ကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို လက်တွေ့ကျပြီး ရေရှည် တည်တံ့သည့် ဖြေရှင်းချက်များဖြင့် ထိထိရောက်ရောက် ဖြေရှင်းသွားမည်ဟု ခိုင်မာသည့် သန္နိဌာန် ထားရှိပြီးဖြစ်ကြောင်း၊ ယမန်နေ့က ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အစီရင်ခံစာ၏ အပြုသဘောဆောင်သည့် ချဉ်းကပ်ရပ်တည်မှုကို ကြိုဆိုကြောင်း၊ယနေ့ ဖြစ်ပွားသည့် တိုက်ခိုက်မှုများအား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်မှ ပြင်းထန်စွာ ရှုတ်ချကြောင်းကြေညာချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.