Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ၁၀ ရက်အတွင်း စတုတ္ထအကြိမ်မြောက် ရထား တွဲချော်မှု မွမ်ဘိုင်းမြို့တွင် ထပ်မံ ဖြစ်ပွား

အိန္ဒိယ နိုင်ငံ တွင် သြဂုတ်လ ၂၃ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ရထားတွဲချော်မှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မွမ်ဘိုင်း ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် Nagpur မြို့ မှ မွမ်ဘိုင်းမြို့ သို့ မောင်းနင်လာသည့် ရထားသည် ရထားတွဲချော်မှု ဖြစ်ပွားခဲ့ပြီး ဤသည်မှာလည်း အိန္ဒိယ နိုင်ငံ တွင် ၁၀ ရက်အတွင်း၌ စတုတ္ထအကြိမ်မြောက် ရထား တွဲချော်မှုဖြစ်ကာ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိသူ စာရင်းမဖော်ပြသေးကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များအရ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၅ မိနစ်တွင် ရထားတွဲချော်မှု ဖြစ်ပွား ခဲ့ပြီး အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းမှာ မသိရှိရသေးကြောင်း ၊ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အခက်အခဲ ဖြစ်စေခဲ့ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ ၏ ရထားလမ်း ကွန်ရက် သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ရထားလမ်း ကွန်ရက် တစ်ခု အပါအဝင် ဖြစ်ပြီး နိုင်ငံမြောက်ပိုင်း မှ တောင်းပိုင်းအထိ ချိတ်ဆက်ထားသည်။ နေ့စဉ်လူပေါင်း ၂၃ သန်းကျော် ကို ပို့ဆောင်ပေးနေသော်လည်း ရထားလမ်းများမှာ ဟောင်းနွမ်းပြီး ပြုပြင်ထိန်းသိမ်းမှု မရှိသောကြောင့် မကြာခဏ မတော်တဆမှု များ ဖြစ်ပွား လေ့ရှိသည်။

ယခုလ ၁၉ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ၌ ဖြစ်ပွားခဲ့သော ရထားတွဲချော်မှု ကြောင့် လူပေါင်း ၂၃ ဦး သေဆုံးခဲ့ရပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုကြောင့်လူပေါင်း ၇၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၂၅ ရက်နေ့တွင်လည်း ရထားတွဲချော်မှု ထပ်မံ ဖြစ်ပွားခဲ့သည်။ အိန္ဒိယ နိုင်ငံ ရထားလမ်း ဝန်ကြီးဌာန ဝန်ကြီး က ရထားများ မကြာခဏ မတော်တဆမှု ဖြစ်ပွားနေသောကြောင့် သြဂုတ်လ ၂၃ ရက်နေ့၌ ရာထူးမှ နှုတ်ထွက်သွားကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.