Connect with us

Sport

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းမှ အနိုင်ရရှိ သော်လည်း ခြေစွမ်းကောင်းမွန်ရန် လိုအပ်သေးဟုဆို

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ မြန်မာအသင်းနှင့် ဂျော်ဒန်အသင်းတို့ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာအသင်း မှ ပွဲဦးထွက် အနိုင်ရရှိခဲ့သော်လည်း ခြေစွမ်းပိုင်းအရ လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ပိုကောင်းသည့် အသင်း နှင့် ယှဉ်ပြိုင်လျှင် ခြေစွမ်းပိုင်း ပိုမို ကောင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆင်ဟွာကို ယနေ့ပြောသည်။

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအား မန္တလေးမြို့ မန္တလာ သီရိကွင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာအသင်းနှင့် ဂျော်ဒန် အသင်းတို့သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ၂ ဂိုး ၊ ဂိုးမရှိဖြင့် ဂျော်ဒန်အသင်း အား အနိုင်ရရှိခဲ့သည်။

မြန်မာ အမျိုးသမီးအသင်းသည် ပွဲဦးထွက်တွင် ဂျော်ဒန် အသင်းအား အနိုင်ရရှိခဲ့ပြီး ၃ မှတ်အပြည့် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ပွဲအစတွင် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့ကာ၊ ပထမပိုင်း ၁၇ မိနစ်တွင် မြန်မာအသင်းမှ အဖွင့်ဂိုး ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောကို ခင်မိုးဝေမှ တိုက်ရိုက် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ဂျော်ဒန်အသင်းမှာ ပွဲကစားရင်း မိနစ် ၃၀ လောက်တွင် ကစားပုံ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းမှ ကစားကွက် တည်မရဖြစ်နေခဲ့ပြီး ပွဲချိန် မိနစ် ၇၀ အကြာတွင် မြန်မာအသင်းမှ နောက်ခံလူ ဝေဝေအောင်က ဒုတိယ ဂိုးအား ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်ပြီး မြန်မာအသင်းမှ ဂျော်ဒန်အသင်းအား ၂ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ခြေစစ်ပွဲ ဒုတိယနေ့ ပွဲစဉ်ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်း နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117