Connect with us

Sport

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အားကစား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်မည်

အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်မည့် ကိုယ်စားလှယ် များအား တွေ့ဆုံမှာကြား (ဓာတ်ပုံ- အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် အားကစား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အားကစား ဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၁၉ ဦး တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ China Sports International ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ စီမံ/ စီးပွားဌာနနှင့် မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အားကစားဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင်အောင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် အားကစား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က အနာဂတ်ကာလတွင် အားကစား ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန် စေလွှတ်ရခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ပို့ချသော အလေ့အကျင့်ကောင်း ၊ အတွေ့အကြုံကောင်း ၊ နည်းစနစ်ကောင်းများကို ပြန်လည် မျှဝေပြီး လက်တွေ့အသုံးချ နိုင်ရန် ကြိုးစားကြစေလို ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် လေ့လာရာတွင် အဖွဲ့အစည်းတစ်ခု အနေဖြင့် စည်းကမ်း စနစ်တကျ နေထိုင်သွားကြရန် အထူးဂရုပြု ဆောင်ရွက်သွားကြစေလို ကြောင်း ၊ ရရှိလာသော အတွေ့အကြုံ ဗဟုသုတများကို ရင်းနှီး၍ လာမည့် အနာဂတ်ကာလ နိုင်ငံ တိုးတက်ရန် ၊ မြန်မာ အားကစား လောက တိုးတက်ရန်၊ အားကစား ဝန်ကြီးဌာန တိုးတက်ရန် အတွက် ကြိုးစား လုပ်ဆောင် ကြရမည်တို့ကို ခံယူထားရှိရန် လိုအပ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံများအား သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် လေ့လာ မှတ်သားထားရန် လိုအပ်ကြောင်း တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်မည့် အားကစား ဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၁၉ ဦးအား စက်တင်ဘာလ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ မှာကြားခဲ့ကြောင်း သိရသည်။ (Xinhua)