Connect with us

Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အားတွေ့ရစဉ်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့တွင် ည (၆) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိသည်။

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အားတွေ့ရစဉ်

အဆိုပါ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့တွင် ည (၆)နာရီမှ နံနက် (၆)နာရီအထိ အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် သွားလားခြင်းမပြုရန် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)မှ နိုဝင်ဘာ ၁၃ ရက်၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ယင်း မြို့များတွင် အမိန့်တစ်စုံတစ်ရာမရှိဘဲ ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း လူ (၅)ဦးနှင့် လူ(၅)ဦးထက်ပို၍ ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန်၊ လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်နှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်နှင့် အမိန့်မလိုက်နာသူများအား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများက အင်အားသုံး ဖမ်းဆီး၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွမ်းလုံမြို့နယ်၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိူးမြို့နယ်၊ သိန္နီမြို့နယ်၊လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်ကို နိုဝင်ဘာ ၁၂ ရက်ကစတင်ပြီး စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117