Connect with us

North America

IS အဖွဲ့ ဒုတိယအကြီးအကဲအား ရှင်းလင်းလိုက်သည်ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ သမ္မတ ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မှုပြီးဆုံး၍ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ၂၀၂၆ ခုနှစ် မေ ၁၅ ရက် ညနေပိုင်းတွင် ထွက်ခွာသွားစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က မေ ၁၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်စစ်တပ်နှင့် နိုင်ဂျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တို့သည် “ထိုနေ့ညပိုင်း” တွင် ပူးတွဲမစ်ရှင်လုပ်ဆောင်ပြီး အစွန်းရောက် IS အဖွဲ့၏ ဒုတိယအကြီးအကဲ Abu-Bilal al-Minuki အား ရှင်းလင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ၎င်း၏ညွှန်ကြားမှုဖြင့် အမေရိကန်စစ်တပ်နှင့် နိုင်ဂျီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တို့သည် “အသေးစိတ်စီစဉ်ထားပြီး အင်မတန်ရှုပ်ထွေးသော” မစ်ရှင်တစ်ကြိမ်ကို ထမ်းဆောင်ခဲ့ကာ “ကမ္ဘာ့အတက်ကြွဆုံး အကြမ်းဖက်အဖွဲ့ဝင်” ကို စစ်မြေပြင်မှ အောင်မြင်စွာ “ရှင်းလင်း” ခဲ့ကြောင်း ပို့စ်တွင် ပြောကြားခဲ့သည်။
ထရမ့်၏ ပြောကြားချက်အရ Abu-Bilal al-Minuki သည် IS အဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်ပြီး “သူက အစက အာဖရိကတိုက်မှာ ပုန်းနေနိုင်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ သတင်းပေးဆီကနေ ကျွန်တော်တို့ သူ့လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေနိုင်လိမ့်မယ်လို့ သူထင်ထားမှာမဟုတ်ဘူး” ဖြစ်ကြောင်း၊ အဆိုပါပုဂ္ဂိုလ်အား “ရှင်းလင်း” ပြီးနောက် IS အဖွဲ့၏ “တစ်ကမ္ဘာလုံးလှုပ်ရှားမှုစွမ်းရည်သည် များစွာလျော့နည်းသွားမည်” ဖြစ်ကြောင်း သိရသည်။
ထရမ့်က တစ်ချိန်တည်းတွင် နိုင်ဂျီးရီးယားနိုင်ငံအစိုးရ၏ ယခုအကြိမ်လှုပ်ရှားမှုအတွင်း ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ဆိုခဲ့သည်။ (Xinhua)

—————-
(Chinese Version)
特朗普说“伊斯兰国”二号头目被“清除”
新华社华盛顿5月15日电 美国总统特朗普15日通过社交媒体发文说,美军与尼日利亚武装部队“当晚”执行联合任务,“清除”极端组织“伊斯兰国”二号头目阿布-比拉勒·米努基。
特朗普在帖文中说,在他的指挥下,美军与尼日利亚武装部队执行了一次“精心策划且极为复杂的”任务,成功将“全球最活跃的恐怖分子”从战场上“清除”。
按照特朗普的说法,阿布-比拉勒·米努基是“伊斯兰国”二号头目,“他本以为能藏身非洲,却没想到有线人让我们全程掌握其动向”。随着此人被“清除”,“伊斯兰国”的“全球行动能力已大幅削弱”。
特朗普同时感谢尼日利亚政府在此次行动中的合作。(完)
图说:5月15日下午,美国总统特朗普结束对中国的国事访问,乘专机离开北京。 新华社记者 刘彬 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117