Connect with us

Politics, Law & Military

သမ္မတရှီနှင့် သမ္မတပူတင်တို့က ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာများပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော်ဟားအယ်ပင်း၌ ဖွင့်လှစ်ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသို့ မေ ၁၇ ရက်က ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယနှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်‌ရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် အခါသမယလည်းဖြစ်ကြောင်း၊ နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာလာခဲ့ပြီး နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့် အကျိုးရလဒ်များကို ရရှိခဲ့ကြောင်း ရှီက ထောက်ပြပြောဆိုခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသည် နှစ်နိုင်ငံ ကဏ္ဍအသီးသီးအနေဖြင့် မိမိတို့၏ ပထဝီအနေအထားချင်း နီးကပ်စွာတည်ရှိမှုနှင့် အပြန်အလှန် ဖြည့်စွက်ပံ့ပိုးနိုင်သော အားသာချက်များကို ထိထိရောက်ရောက် အသုံးချရေး၊ လက်တွေ့ကျသော ဘက်စုံပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်တိုးမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးချမ်းသာကို အစဉ်တစိုက် မြှင့်တင်ပေးရေးအတွက် အခွင့်အလမ်းတစ်ခုအဖြစ် အကျိုးပြုကာ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ခေတ်သစ် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်ဖြင့် ရေရှည်တိုးတက်ကောင်းမွန်ရေးအတွက် အားဖြည့်ပံ့ပိုးမှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ရှီက ၎င်း၏သဝဏ်လွှာ၌ ရေးသားထားသည်။

ပူတင်ကလည်း ယခုကုန်စည်ပြပွဲသည် နှစ်နိုင်ငံအကြား အကြီးမားဆုံး ကုန်စည်ပြပွဲအဖြစ် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ကာ နှစ်ဖက်အကြား နက်နက်ရှိုင်းရှိုင်းရှိသော တိုက်ရိုက်ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်ဟု ၎င်း၏သဝဏ်လွှာ၌ ရေးသားထားသည်။

အဆိုပါကုန်စည်ပြပွဲက အပြုသဘောရလဒ်များကို ရရှိစေမည်ဖြစ်ကာ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အလားအလာသစ်များကို စီမံပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ကြောင်း ပူတင်က ဆိုသည်။ (Xinhua)
……………………………………………………..
(English Version)
Xi, Putin send congratulatory letters to 10th China-Russia Expo
BEIJING, May 17 (Xinhua) — Chinese President Xi Jinping and Russian President Vladimir Putin each sent congratulatory letters on Sunday to the tenth China-Russia Expo, which opened in Harbin, capital city of Heilongjiang Province in northeast China.
Pointing out that this year marks the 30th anniversary of the China-Russia strategic partnership of coordination and the 25th anniversary of the signing of the China-Russia Treaty of Good-Neighborliness and Friendly Cooperation, Xi said bilateral cooperation in various fields had been continuously deepened and solidified, achieving fruitful results thanks to joint efforts of the two countries.
It is hoped that this expo will serve as an opportunity for various sectors of the two countries to leverage their geographical proximity and complementary advantages, deepen all-round practical cooperation, further promote the economic and social development, and continuously enhance the well-being of the two peoples, thereby making contributions to the steady and long-term development of the China-Russia comprehensive strategic partnership of coordination for a new era, Xi said in the letter.
In his message, Putin said the expo has evolved into the largest exhibition event between the two countries, providing a platform for direct and in-depth dialogue between the two sides.
It is believed that this expo will achieve positive results, plan for new prospects of mutually beneficial cooperation between the two countries, and bring benefits to the two peoples, Putin said.
English Caption
Chinese President Xi Jinping holds a virtual meeting with Russian President Vladimir Putin at the Great Hall of the People in Beijing, capital of China, Feb. 4, 2026. (Xinhua/Liu Bin)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117