International Organizations
အာဖရိကတိုက် အီဘိုလာရောဂါဖြစ်ပွားမှုက “နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ” ဖြစ်လာကြောင်း WHO ဆို
ဂျီနီဗာ၊ မေ ၁၈ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) နှင့် ယူဂန္ဓာနိုင်ငံတွင် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့် အီဘိုလာရောဂါသည် “နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ” ဖြစ်လာကြောင်း၊ သို့သော် “နိုင်ငံတကာကျန်းမာရေးသတ်မှတ်ချက် (IHR)” တွင် သတ်မှတ်ထားသော “အရေးပေါ်ကပ်ရောဂါဖြစ်ရပ်” စံနှုန်းအထိ မရောက်ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၇ ရက်တွင် တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
WHO တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ မေ ၁၆ ရက်အထိ ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ်၌ အတည်ပြုလူနာ ၈ ဦး၊ သံသယလူနာ ၂၄၆ ဦးနှင့် သေဆုံးသည့် သံသယရှိလူနာ ၈၀ ဦးရှိကြောင်း အစီရင်ခံတင်ပြထားကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာတွင် မေ ၁၆ ရက်က Ituri ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသော အတည်ပြုလူနာ ၁ ဦး တွေ့ရှိခဲ့ကြောင်း၊ ယူဂန္ဓာနိုင်ငံ မြို့တော်ကန်ပါလာတွင် မကြာသေးမီက ကွန်ဂိုနိုင်ငံ (DRC) နိုင်ငံမှလာသည့် အီဘိုလာရောဂါ အတည်ပြုလူနာ ၂ ဦး အစီရင်ခံတင်ပြခဲ့ပြီး ၎င်းအတည်ပြုလူနာ ၂ ဦးကြားတွင် သိသာထင်ရှားသော ဆက်စပ်မှုမရှိကြောင်း သိရသည်။
ရောဂါဖြစ်ပွားသည့်ဇုန်မှ ကျန်းမာရေးဝန်ထမ်း ၄ ဦးထက်မနည်းသည် အီဘိုလာသွေးလွန်ရောဂါကြောင့် သေဆုံးခဲ့သဖြင့် ဆေးကုသရေးဆိုင်ရာ ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပွားစေသည်ဟု WHO ကဆိုသည်။ လက်ရှိတွင် ယခုအကြိမ်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ကူးစက်ခံရသူဦးရေ အစစ်အမှန်နှင့် ပထဝီတည်နေရာအရ ကူးစက်ပျံ့နှံ့မှုတွင် ကြီးမားသော မသေချာမရေရာမှုများရှိနေပြီး သိရှိပြီးသားလူနာနှင့် သံသယလူနာအကြား ကူးစက်ရောဂါဗေဒဆိုင်ရာ ဆက်နွှယ်မှုအတွက် နားလည်သိရှိထားမှုသည် အကန့်အသတ်ရှိနေကြောင်း သိရသည်။
ကနဦးနမူနာတွင် အတည်ပြုလူနာတွေ့ရှိနှုန်းမြင့်မားခြင်း၊ ကန်ပါလာနှင့် ကင်ရှာဆာတွင် အတည်ပြုလူနာများ တွေ့ရှိခြင်းနှင့် Ituri ပြည်နယ်တွင် သံသယလူနာနှင့် သေဆုံးလူနာများ တိုးတက်လာသည့် အလားအလာရှိလာခြင်းတို့က ရောဂါဖြစ်ပွားမှုသည် လက်ရှိတွေ့ရှိထားပြီး အစီရင်ခံတင်ပြထားသည့် ပမာဏထက် ပိုမိုများပြားနိုင်သည်ဟု ဖော်ပြနေကြောင်း WHO က ယူဆသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားသည့်ဇုန်၌ ဆက်တိုက်မတည်ငြိမ်မှု၊ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း၊ လူဦးရေသွားလာမှုမြင့်မားခြင်း၊ မြို့ပြ သို့မဟုတ် မြို့ပြနီးပါးဖြစ်သောနှင့် ကြီးမားသည့် စည်းကမ်းမကိုက်ညီသည့် ဆေးကုသရေးအဆောက်အအုံကွန်ရက် စသည့် အကြောင်းအချက်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို တစ်ဆင့်တိုး ဆိုးရွားသွားစေခဲ့ကြောင်း၊ ထို့ပြင် လက်ရှိတွင် အတည်ပြုထားသည့် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် သီးသန့်ကုသနည်း သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးကြောင်း WHO က ဆိုသည်။
အရေးပေါ်ဖြစ်ရပ် ကော်မတီအစည်းအဝေး အမြန်ဆုံးကျင်းပ၍ ရောဂါဖြစ်ပွားမှုကြောင့် သက်ရောက်မှုရှိသည့် နိုင်ငံများထံ ကာကွယ်ကုသရေးအစီအမံ အကြံပြုချက်များ အဆိုပြုသွားမည်ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
世卫组织:非洲埃博拉疫情构成“国际关注的突发公共卫生事件”
新华社日内瓦5月17日电 世界卫生组织17日在官网发布声明说,在刚果(金)和乌干达出现由本迪布焦型埃博拉病毒引起的埃博拉疫情已构成“国际关注的突发公共卫生事件”,但未达到《国际卫生条例》规定的“大流行病突发事件”标准。
世卫组织公布的数据显示,截至16日,刚果(金)伊图里省已报告8例确诊病例、246例疑似病例和80例疑似死亡病例。刚果(金)首都金沙萨16日发现1例从伊图里省返回的确诊病例。乌干达首都坎帕拉日前报告了两例来自刚果(金)的埃博拉确诊病例,这两例病例之间没有明显联系。
世卫组织表示,至少有4名疫区医护人员死于埃博拉出血热,引发了对医源性传播的担忧。目前,与本轮疫情相关的感染者真实人数和地理传播存在重大不确定性,且对已知病例和疑似病例的流行病学联系了解有限。
世卫组织认为,初始样本的高阳性率,坎帕拉和金沙萨出现确诊病例,以及伊图里省疑似病例和死亡病例呈增长趋势,都表明疫情可能比目前发现和报告的规模更大。当前出现疫情地区持续的不稳定、人道主义危机、人口流动性高、城市或半城市性质以及庞大的非正规医疗设施网络等因素,都进一步加剧了病毒传播风险。此外,目前还没有获批的本迪布焦型埃博拉病毒特异性疗法或疫苗。
世卫组织表示,将尽快召开突发事件委员会会议,向受疫情影响国家提出防治措施建议。(完)
图说:这是2025年8月7日在瑞士日内瓦拍摄的世卫组织总部。新华社记者连漪摄
