Connect with us

China

ရှီ-ထရမ့် တွေ့ဆုံဆွေးနွေးမှုက တရုတ်-အမေရိကန် ဆက်ဆံရေး အပြုသဘောဆောင်၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိရေးအတွက် အစီအစဉ်ချမှတ်ပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ‌ဒေါ်နယ်ထရမ့်တို့သည် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မည့် မျှော်မှန်းချက်သစ်အတွက် သဘောတူညီမှုရရှိခဲ့ရာ ယင်းသည် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ နှစ်နိုင်ငံအကြား မတူကွဲပြားမှုများကို ကိုင်တွယ်စီမံရာတွင်ဖြစ်စေ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးတကြီးလိုအပ်နေသော ရေရာသေချာမှုများကို ဖြည့်စွမ်းပေးရာတွင်ဖြစ်စေ အထောက်အကူပြုနိုင်မည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုလျက်ရှိကြသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ထရမ့် လာရောက်စဉ်အတွင်း ထုတ်ဖော်ဆွေးနွေးခဲ့သည့် အဆိုပါ မျှော်မှန်းချက်သည် နောင်လာမည့်သုံးနှစ်တာကာလနှင့် ယင်းကာလအလွန်၌ နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်မည်ဟု မျှော်လင့်ထားသကဲ့သို့ ကမ္ဘာကြီးအတွက် အပြုသဘောဆောင်သည့် သတင်းစကား ပါးလိုက်ခြင်းလည်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေး မျှော်မှန်းချက်သစ်
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု ” ဟူသော စကားရပ်၏ သဘောသဘာဝမှာ ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်ပြုသော အပြုသဘောဆောင်သည့် တည်ငြိမ်မှု၊ သင့်တင့်မျှတစွာ ယှဉ်ပြိုင်ခြင်းဖြင့် ခိုင်မာသောတည်ငြိမ်မှု၊ မတူကွဲပြားမှုများကို စီမံကိုင်တွယ်နိုင်သည့် တစ်သမတ်တည်းဖြစ်သော တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးအလားအလာများဖြင့် ရေရှည်တည်တံ့သော တည်ငြိမ်မှုဟူ၍ ရှီက အနက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” ဟူသော မျှော်မှန်းချက်သစ်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးလမ်းကြောင်းကို ပြောင်းလဲပေးနိုင်သည့် အလားအလာရှိကာ နောင်လာမည့် ဆယ်စုနှစ်များတိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အပြုသဘော သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဟု World Food Prize ဖောင်ဒေးရှင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ကန်းနက် ကွင်းန်က ဆိုသည်။
“ဒါဟာ ကမ္ဘာပေါ်က အရေးအပါဆုံး ခေါင်းဆောင်နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကနေပဲ ရရှိလာနိုင်တဲ့ အံ့ဖွယ်အပြောင်းအလဲပုံစံမျိုးဖြစ်ပြီး ကမ္ဘာကြီးကို ပဋိပက္ခတွေကနေ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးဆီကို အသွင်ပြောင်းလဲရာမှာ အင်မတန်အရေးကြီးပါတယ်” ဟု ကွင်းန်က ပြောသည်။
ဆားဘီးယားနိုင်ငံရှိ နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေးအင်စတီကျုမှ အကြီးတန်းသုတေသီ နီနက်ဒ် စတီကစ်က ထိုအယူအဆသည် စီးပွားရေးအင်အားအကြီးဆုံးနှင့် ဩဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံနှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ မတူကွဲပြားမှုများကို တာဝန်သိသိ စီမံကိုင်တွယ်မှုတို့ဖြင့် အတူယှဉ်တွဲနေထိုင်နိုင်သည်ကို အလေးအနက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဂျကာတာအခြေစိုက် Think Tank အဖွဲ့ ဖြစ်သော PARA Syndicate ၏ အမှုဆောင်ဒါရိုက်တာ ဗီယာဒီကာ ရစ်ဇ်ကီ အူတာမာက တရုတ်နိုင်ငံအနေဖြင့် “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” မျှော်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုကို စီမံကိုင်တွယ်နိုင်မည့် မူဘောင်တစ်ရပ်အား ချပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
ထိုမျှော်မှန်းချက်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက်သာမက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ နှစ်နိုင်ငံအနေဖြင့် တည်ငြိမ်မှုရှိရေးအတွက် ကတိကဝတ်ပြုထားကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းအား အာမခံခြင်းလည်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် တည်ငြိမ်မှု
ရှီနှင့် ထရမ့်တို့ တွေ့ဆုံစဉ်အတွင်း ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး တစ်ဆင့်တိုး တိုးတက်ကောင်းမွန်ရေးအတွက် အစီအစဉ် ချမှတ်ခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၁၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား မကြာမီက တွေ့ဆုံဆွေးနွေးစဉ်အတွင်း အပြုသဘောရလဒ်များ ရရှိခဲ့သည်ဟုလည်း ၎င်းဝန်ကြီးဌာနက ဆိုသည်။ ဥပမာအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်‌မှုနှင့် ရင်းနှီးမြှုပ်နှံမှုကောင်စီများ ဖွဲ့စည်းသွားမည်ဖြစ်သည်။ နှစ်ဖက်အနေဖြင့် သတ်မှတ်ထားသော ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် လျှော့ချရေးကဲ့သို့သော ကိစ္စရပ်များကို ကုန်သွယ်မှုကောင်စီမှတစ်ဆင့် ဆွေးနွေးသွားမည်ဖြစ်ကာ ကိုယ်စီစိုးရိမ်လျက်ရှိသော ထုတ်ကုန်များအပေါ် တူညီသည့်ပမာဏအတိုင်း စည်းကြပ်ခွန်လျှော့ချရန် မူအားဖြင့် သဘောတူညီခဲ့ကြောင်း သိရသည်။
“ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံအနေနဲ့ အမြင့်ဆုံးအဆင့်မှာ ထိတွေ့ဆက်ဆံခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်” ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဂျူလီ ကိုဇက်ခ်က မေ ၁၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260517/d50300c5f44b418eaf63dc9a0494e856/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင် အပြင်ဘက်၌ အခမ်းအနားဖြင့် ကြိုဆိုနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Xi-Trump meeting charts course for constructive strategic stability in China-U.S. ties
BEIJING, May 17 (Xinhua) — Chinese President Xi Jinping and U.S. President Donald Trump have agreed on a new vision of building a constructive bilateral relationship of strategic stability, a move observers say could help enhance China-U.S. cooperation, manage differences between the world’s two largest economies, and inject much-needed certainty into global development.
The vision, raised during Trump’s three-day state visit to China this week, is expected to provide strategic guidance for bilateral ties over the next three years and beyond while sending a positive message to the world.
NEW VISION FOR BILATERAL TIES
Xi defined the nature of “constructive strategic stability” as a positive stability with cooperation as the mainstay, a sound stability with moderate competition, a constant stability with manageable differences, and an enduring stability with promises of peace.
The new vision of “constructive strategic stability” has the potential to change the trajectory of U.S.-China relations, with positive implications for the global community for decades to come, said Kenneth Quinn, president emeritus of the World Food Prize Foundation.
“It is the type of dramatic change that can only come from the actions of the two most significant leaders on the planet and is critically important in turning the world from conflict to cooperation and peace,” Quinn said.
The concept emphasizes that the two largest economies and most influential countries can coexist through cooperation, mutual respect and responsible management of differences, said Nenad Stekic, senior research fellow at Serbia’s Institute of International Politics and Economics.
Virdika Rizky Utama, executive director of Jakarta-based think-tank PARA Syndicate, said that by articulating “constructive strategic stability,” Beijing is offering a framework through which both countries can manage their competition.
This is not just about bilateral ties, but about reassuring the international community that the world’s two largest economies are committed to stability, he said.
STABILITY FOR GLOBAL ECONOMY
During their meeting, Xi and Trump conducted in-depth discussions on economic and trade issues, further charting the course for the development of bilateral economic and trade relations, China’s Ministry of Commerce said Saturday.
According to the ministry, China and the United States have achieved positive outcomes during their recent consultations. For example, they will establish trade and investment councils. Through the trade council, the two sides will discuss issues such as tariff reductions on specific products, and they have agreed in principle to lower tariffs on products of respective concern on an equivalent scale.
“It’s very important, of course, that the world’s two largest economies are engaging at the highest level,” Director of the International Monetary Fund (IMF)’s Communications Department Julie Kozack said at a press briefing on Thursday.
https://english.news.cn/20260517/d50300c5f44b418eaf63dc9a0494e856/c.html
English Caption 1
Chinese President Xi Jinping welcomes U.S. President Donald Trump upon Trump’s arrival at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Yan Yan)
English Caption 2
Chinese President Xi Jinping holds a welcome ceremony for U.S. President Donald Trump, who is on a state visit to China, outside the Great Hall of the People prior to their talks in Beijing, capital of China, May 14, 2026. (Xinhua/Huang Jingwen)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117