North America
အမေရိကန် ဗဟိုဘဏ်က Jerome Powell ကို ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်
နယူးယောက်၊ မေ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန် ဗဟိုဘဏ် ဘုတ်အဖွဲ့သည် Kevin Warsh က အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီအထိ Jerome Powell အား အမေရိကန် ဗဟိုဘဏ် ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း မေ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယာယီဥက္ကဋ္ဌ ခန့်အပ်ခြင်းသည် ယခင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ လွှဲပြောင်းသည့်ကာလတွင် လုပ်ဆောင်ချက်များနှင့် ကိုက်ညီကြောင်း ကြေညာချက်က ဆိုထားသည်။
Kevin Warsh သည် Jerome Powell အစား အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်မည့်ကာလမှာ ၄ နှစ်ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်က မေ ၁၃ ရက်တွင် တရားဝင်မဲခွဲအတည်ပြုခဲ့သည်။ Jerome Powell ၏ တာဝန်ထမ်းဆောင်သည့်ကာလသည် မေ ၁၅ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ သတ်မှတ်ချက်အရ Kevin Warsh သည် အမေရိကန် သမ္မတ၏ လက်မှတ်ရေးထိုးသော ခန့်အပ်လွှာရရှိပြီး ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ကျင်းပခြင်း စသည့်လုပ်ငန်းစဉ်များ ပြီးမှသာ စတင်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။
အမေရိကန် ဗဟိုဘဏ် ကြီးကြပ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Michelle W. Bowman နှင့် အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် Stephen I. Miran တို့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ ၎င်းတို့အနေဖြင့် Kevin Warsh သည် အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီအထိ Jerome Powell အား အမေရိကန် ဗဟိုဘဏ် ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းကို ထောက်ခံအားပေးကြောင်း၊ သို့သော် ယာယီဥက္ကဋ္ဌအတွက် သီတင်းပတ်တစ်ပတ်မှ တစ်လအထိ ကာလသတ်မှတ်ပေးသင့်သည်ဟု ယူဆကြောင်း၊ ဥက္ကဋ္ဌအသစ်က ထိုကာလအတွင်း ကျမ်းသစ္စာကျိန်ဆို၍ တာဝန်ထမ်းဆောင်ခြင်းမရှိပါက အမေရိကန် ဗဟိုဘဏ်ဘုတ်အဖွဲ့က ထပ်မံမဲခွဲပေးရန်လိုအပ်ရန်ကြောင်း၊ သို့မဟုတ် သမ္မတက လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
美联储任命鲍威尔担任临时主席
新华社纽约5月15日电(记者刘亚南 徐静)美国联邦储备委员会理事会15日发布公告,任命杰罗姆·鲍威尔担任美联储临时主席,直至凯文·沃什宣誓就任美联储主席。
公告说,任命临时主席之举符合以往美联储主席过渡期的做法。
美国国会参议院13日投票正式确认,沃什将接替鲍威尔出任美联储下一任主席,任期4年。鲍威尔的任期于5月15日到期。按照规定,沃什还需要经过美国总统签署任命文书并举行宣誓就职仪式等程序后,才能正式履职。
美联储负责监管事务的副主席米歇尔·鲍曼和美联储理事斯蒂芬·米兰发表联合声明说,他们支持让鲍威尔担任临时主席直至沃什宣誓就职,但认为应该为临时主席设定一周到一个月的期限,如果新任主席在此期间仍未宣誓就职,美联储理事会需要再次投票确认或者可能由总统采取行动。(完)
图说:这是4月29日杰罗姆·鲍威尔在美国首都华盛顿出席记者会的资料照片。 新华社记者 李睿 摄
