Videos
တရုတ်နိုင်ငံ နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် အားထုတ်ကြိုးပမ်းသွားမည်
ဝါရှင်တန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် နှင့် ဝါရှင်တန်မြို့၌ စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြောင်း သိရသည်။ ယန်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့၏လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော တိုးတက်မှုများကို မကြာသေးမီကာလအတွင်းရရှိခဲ့ကြောင်းပြောကြားခဲ့သည်။ (Xinhua)