Politics, Law & Military
ဆင်းရဲမွဲတေမှု ဆန့်ကျင်ရေး တိုက်ပွဲ အနိုင်ရရှိအောင် အခိုင်အမာ အားထုတ်လုပ်ဆောင်ရန် တရုတ် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆင်းရဲမွဲတေမှု ဆန့်ကျင်ရေး တိုက်ပွဲအား အနိုင်ရရှိအောင် အခိုင်အမာ တိုးမြှင့်လုပ်ဆောင်ကြရန် ယနေ့ (အောက်တိုဘာလ ၉ ရက်) တွင် ပြောကြားလိုက်သည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ရှီက စတုတ္ထအကြိမ်မြောက် အမျိုးသား ဆင်းရဲမွဲတေမှု လျော့ပါးရေးနေ့အား ဦးတည်ကာ အထက်ပါအတိုင်း ညွှန်ကြားချက် ပေးလိုက်ခြင်း ဖြစ်သည်။
အလွန်ပြင်းထန်ခက်ခဲသော တိုက်ပွဲများ ဖြစ်သည့် ဆင်းရဲမွဲတေမှု လျော့ပါးရေး လုပ်ငန်းအတွက် အစွမ်းကုန် အားထုတ်မှုများ လုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)