Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံ Wechat နှင့် ဝက်ဆိုဒ် အကောင့်ကို အောက်တိုဘာလ ၁၁ ရက်တွင် လွှင့်တင်မည်

တရုတ်နိုင်ငံ၌ ၁၈ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ဝ ရက် (ဆင်ဟွာ)

မကြာမီကျင်းပတော့မည့် တရုတ်ကွန်မြူနစ်ပါတီ ( CPC )၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံသတင်းများကို တစ်သီးပုဂ္ဂလသတင်းသမားများ ၊ နိုင်ငံခြား နှင့် ပြည်တွင်း သတင်းဌာနများမှ သတင်းသမားများအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တပြေညီ ပေးပို့နိုင်ရန် ရည်ရွယ်ပြီး တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက် Wechat နှင့် ဝက်ဆိုဒ် သတင်းစာမျက်နှာများကို အောက်တိုဘာလ ၁၁ ရက်တွင် စတင်လွှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

http://19th.cpcnews.cn, ဝက်ဆိုဒ် နှင့် cpcnews19th Wechat အကောင့်သည် သတင်းမီဒီယာများ နှင့် အဖွဲ့ဝင်များ အတွက် ညီလာခံ အစီအစဉ် ၊ နောက်ဆုံးရသတင်းများ ၊ ထုတ်ပြန်ချက်များ နှင့် အမျိုးသားကွန်ဂရက်၏ နောက်ခံသတင်းအကြောင်းအရာများကို တရုတ် ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းသမားများအနေဖြင့် မိမိတို့သိလိုသည်များကို မီဒီယာစင်တာ၏ wechat အကောင့်မှ တဆင့် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

မီဒီယာစင်တာ၏ လုပ်ငန်းလည်ပတ်မှုကို အောက်တိုဘာလ ၁၁ ရက်တွင် စတင်မည်ဖြစ်ပြီး ၎င်းသည် ပေကျင်းမြို့ရှိ Media Center ဟိုတယ်၌ အခြေစိုက်ထားမည်ဖြစ်သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ (The 19th CPC National Congress ) သည် ပေကျင်းမြို့၌ အောက်တိုဘာလ ၁၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.