Politics, Law & Military
APEC ထိပ်သီး အစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်များအတွက် ဗီယက်နမ်နှင့် လာအိုသို့ တရုတ် သမ္မတ ရှီကျင့်ဖိန် ထွက်ခွာ
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့တွင် ကျင်းပမည့် APEC ထိပ်သီး အစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း ဆက်လက်သွားရောက်မည် ဖြစ်သည်။
ယခု ခရီးစဉ်သည် အောက်တိုဘာလက ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံပြီးနောက် သမ္မတ ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်များအား ရှီနှင့်အတူ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေရုံး၏ ညွှန်ကြားရေးမှူး သင်းရွှီစန်း၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟို ဦးဆောင်မှုအဖွဲ့ အထွေထွေရုံး၏ ညွှန်ကြားရေးမှူး လျူဟဲ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ တို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)