Connect with us

Politics, Law & Military

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရန် တရုတ် သမ္မတ ရှီနှင့် အမေရိကန် သမ္မတ ထရမ့်တို့ ထပ်လောင်း ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တွေ့ဆုံဆွေးနွေးမှု မှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးလုပ်ဆောင်မှု အောင်မြင်မှုရစေရန်နှင့် နျူကလီးယားရေးရာ အဖြေရှာရန်အတွက် ခိုင်မာသည့် ကတိကဝတ်များ ထပ်လောင်းပြုခဲ့ကြကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့ (နိုဝင်ဘာလ ၉ ရက်) တွင် ပြောကြားလိုက်သည်။

သမ္မတနှစ်ဦး တွေ့ဆုံပြီးနောက် အတူတကွ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်တွင် ရှီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သမ္မတများသည် ကိုရီးယားကျွန်းဆွယ်အရေးနှင့် အာဖဂန်နစ္စတန် စသည်တို့အပါအဝင် နိုင်ငံတကာ အရေးကိစ္စများတွင် ခိုင်မာစွာ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာလ ၈ ရက် နေ့လည်ပိုင်းက ရောက်ရှိလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.