Connect with us

Asia

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေး မှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ထိ စံချိန်တင်မြင့်တက်

ဗီယက်နမ်နိုင်ငံ၏ ဗဟိုဘဏ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးမှာ နိုဝင်ဘာလလည်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံထိ စံချိန်တင် အမြင့်ဆုံး ပမာဏ ဖြစ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ပြောကြားချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Nguyen Minh Hung က ဗီယက်နမ်လွှတ်တော်၌ မေးခွန်းများအား သွားရောက် ဖြေကြားစဉ် ပြီးခဲ့သော အောက်တိုဘာလတွင် အရန်ငွေကြေးမှာ ၁ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဒေသတွင်း VnExpress သတင်စာက ယနေ့( နိုဝင်ဘာ ၁၇ ရက်) တွင် ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သော ဇွန်လ နှောင်းပိုင်းမှ စတင်ကာ အရန်ငွေကြေးသည် ၄ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း နှင့် ၂ဝ၁၆ ခုနှစ် နှောင်ပိုင်းတွင် ၅ ဘီလီယံ ထိ မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ် ပထမ ၁ဝ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှု ပိုငွေပမာဏသည် ၁.၂ ဘီလီယံကျော် ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာန၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.