Connect with us

Africa & Middle East

လက်ဘနွန်အား ထိုးစစ်ဆင်မည့် စစ်ဆင်ရေးအစီအစဉ်ကို အစ္စရေးစစ်တပ် ခွင့်ပြု

အစ္စရေးနိုင်ငံ မြောက်ပိုင်း Kiryat Shmona တွင် အစ္စရေး စစ်တပ် အရန်တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

လက်ဘနွန်အား ထိုးစစ်ဆင်မည့် စစ်ဆင်ရေး အစီအစဉ်ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး-လက်ဘနွန် နယ်စပ် တင်းမာသည့်အခြေအနေကို တုံ့ပြန်ရန်အတွက် အစ္စရေး ကာကွယ်ရေးတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး Ori Gordin နှင့် စစ်ဆင်ရေး ညွှန်ကြားရေးမှူး Oded Basiuk တို့က လက်ဘနွန် စစ်ရေးလှုပ်ရှားမှုအစီအစဉ်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အခြေအနေများကို သုံးသပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၁၈ ရက် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။ ရှေ့တန်းတပ်ဖွဲ့များ၏ တိုက်ပွဲဝင် အသင့်အနေအထားကို ဆက်လက် မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ စစ်ဆင်ရေးအစီအစဉ် အသေးစိတ်အခြေအနေကိုမူ ကြေညာချက်တွင် ဖော်ပြခြင်းမရှိကြောင်း သိရသည်။ (Xinhua)


………………………
(Chinese Version)
以军批准对黎巴嫩发动进攻的作战计划
新华社耶路撒冷6月18日电 以色列军方18日说,对黎巴嫩发动进攻的作战计划已获批准。
以军方18日在一份声明中说,为应对以黎边境紧张局势,以国防军北方司令部司令戈尔丁和行动局局长巴西乌克批准了在黎巴嫩开展军事行动的计划,并在北方司令部进行了局势评估。以军将继续提高前线部队的战备水平。声明未提及作战计划的具体细节。
1. 6月18日,在以色列北部谢莫纳,以军预备役人员参加军事演练。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.