Connect with us

Media

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တော်ဝင်မိသားစုအပေါ် စော်ကားမှုဖြင့် စွဲချက်တင်ခံရပြီးနောက် အာမခံရရှိ

ဘန်ကောက်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် တော်ဝင်မိသားစုအပေါ် စော်ကားမှု စွပ်စွဲချက်ဖြင့် တရားဝင် စွဲချက်တင်ခံရပြီးနောက် ဇွန် ၁၈ ရက်တွင် အာမခံပေးလိုက်ကြောင်း ထိုင်းပြစ်မှုဆိုင်ရာ တရားရုံးထံမှ သိရသည်။ သက်ဆင်အား ခွင့်ပြုချက် မရှိဘဲ နိုင်ငံအတွင်းမှ ထွက်ခွာခြင်းကို တားမြစ်ထားသည့် အခြေအနေအရ တရားရုံးတွင် အမှုရင်ဆိုင်ရချိန်အတွင်း ဘတ် ၅၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၃,၆၀၀ ခန့်) ဖြင့် အာမခံပေးထားခြင်းဖြစ်ကြောင်း တရားရုံးထုတ်ပြန်ချက်တွင် သိရသည်။ (Xinhua)
……………………….
(English Version)
Former Thai PM Thaksin granted bail after indictment in royal insult case
Thailand’s former Prime Minister Thaksin Shinawatra was granted bail on Tuesday, the country’s criminal court said, following a formal indictment on his charge of royal insult. Thaksin has been released during trial on bail of 500,000 baht (about 13,600 U.S. dollars) under the condition that he is prohibited from leaving the kingdom unless permitted, a court statement said.
Xinhua News Agency correspondents reporting from Bangkok. (XHTV)