Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲဟု မိုး/ဇလ ထုတ်ပြန်

ကချင်ပြည်နယ်အတွင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်လာသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မီးသတ်)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဧရာ၀တီမြစ်ရေသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ (ဇူလိုင် ၂ ရက်) စိုးရိမ်ရေ
မှတ်အထက် (၄)ပေခွဲခန့် ဆက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စိုးရိမ်ရေ မှတ်သည် နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းတွင်းမြစ်ရေသည် လာမည့် တစ်ရက်အတွင်း ရေဘေးသင့်မြို့များတွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားပြီး လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်သို့ရောက်ရှိနေပြီး တစ်ရက်အတွင်း (၄) ပေခန့်မြင့်တက်လာမည်ဖြစ်ကြောင်း၊ မြစ်ရေတက်နေမှုများကြောင့် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့နယ်များ အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် မြစ်ကမ်းပါး အနီးနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလက သတိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး အိမ်ထောင်စု (၂၀၀၀) ဝန်းကျင် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.