Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဟန်ဂေရီနိုင်ငံနှင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဟန်ဂေရီနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် Budapest မြို့၌ ကျင်းပမည့် တရုတ်-ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်း နိုင်ငံများ အစိုးရများ၏ ၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် လီသည် ရုရှားနိုင်ငံ Sochi မြို့၌ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း အစိုးရခေါင်းဆောင်များ (ဝန်ကြီးချုပ်များ) ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်သည်။ (Xinhua)