Connect with us

Media

FIFA Women’s International Window ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိန္ဒိယ အမျိုးသမီး အသင်းကို အနိုင်ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနဲ့ အိန္ဒိယ အမျိုးသမီး လက်ရွေးစင်အသင်းတို့ရဲ့ FIFA Women’s International Window ခြေစမ်းပွဲစဉ်ကို ဇူလိုင်လ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ နှစ်ဖက်အသင်းအနေနဲ့ အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်ကစားခဲ့ကြပြီး မြန်မာအသင်းက အိန္ဒိယ အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ အိန္ဒိယတို့ဟာ ၂၀၁၉ ခုနှစ်တုန်းက အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ဖူးပြီး တစ်ဖက်သုံးဂိုးစီသရေကျခဲ့ကြောင်း သိရပါတယ်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117