Media
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၌ ပင်လယ်ကူးတံတားကြီး တည်ဆောက်လျက်ရှိ
ရှမန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၌ ရှမန်-ကျင်းမန် တံတားစီမံကိန်း၏ ရှမန်ဘက်ခြမ်း တည်ဆောက်မှုအပိုင်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အလျား ၁၉.၆ ကီလိုမီတာခန့်ရှိသော အဆိုပါတံတားသည် ရှမန်ကျွန်းနှင့် ရှန်အန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချိတ်ဆက်ပေးထားကာ အနာဂတ်တွင် ကျင်းမန်ကျွန်းအထိ တိုးချဲ့တည်ဆောက်ရေးအတွက် သီးသန့် ကြားခံချိတ်ဆက်မှုစနစ် တစ်ခုလည်းပါဝင်သည်။ (Xinhua)
……………….
(English Version)
Mega sea-crossing bridge under construction in China’s Fujian
Construction of the Xiamen section of the Xiamen-Kinmen Bridge project is in full swing in east China’s Fujian Province. Stretching about 19.6 kilometers, it serves to link Xiamen island to Xiang’an International Airport and includes a reserved interface for a future extension to Kinmen. #MegaProject #China
