Connect with us

Politics, Law & Military

YBSယာဉ်များ မီးပွိုင့်များအနီးတွင် လူအတင်အချပြုလုပ်နေခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် မေးမြန်းဖြေကြားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

YBSယာဉ်များ မီးပွိုင့်များအနီးတွင် လူအတင်အချပြုလုပ်နေခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အဝိုင်းပတ်စနစ်များအား ဖျက်သိမ်းသွားရန်အစီအစဉ်မရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ဒေါ်နီလာကျော်က “၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မရပ်ခြင်း၊ သတ်မှတ်နေရာမဟုတ် လူတင်လူချခြင်းတို့ ကျူးလွန်တဲ့အတွက် (၁၁၇)မှု စစ်ဆေး အရေးယူခဲ့ပါတယ်။ ခရီးသည်တင်ယာဉ်များ စနစ်တကျရှိဖို့အတွက် အဖွဲ့များဖွဲ့စည်းလှည့်လည်စစ်ဆေးခြင်း၊ လမ်းကြောင်းများစနစ်တကျ ပြေးဆွဲရေးအတွက် GPS စနစ်တပ်ဆင်ထားပြီး Traffic Control Centre (ယာဉ်လမ်းကြောင်းထိန်းချုပ်ရေးစင်တာ) ကနေ ပြစ်ဒဏ်များကိုတိုးမြင့်စစ်ဆေးကြပ်မတ်ခြင်းတွေ၊ အရေးယူခြင်းတွေ ရှိနေပေမယ့်လည်း ပြစ်မှုကျူးလွန်နေသူများရှိနေ၍ ထပ်မံစိစစ် ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက YBS ယာဉ်လိုင်းမှ ခရီးသည်ယာဉ်ကားများ သတ်မှတ် မှတ်တိုင်တွင် ခရီးသည်အတင်/အချမပြုလုပ်ဘဲ သင့်သလိုစည်းကမ်းမဲ့ ခရီးသည်အတင်/အချ ပြုလုပ်နေကြခြင်း၊ မီးပွိုင့်အနီးအနားတွင် ခရီးသည် အတင်/အချပြုလုပ်နေကြခြင်းများအား မည်သို့အရေးယူဆောင်ရွက်သွားမည်၊ စည်းကမ်း တကျ သတ်မှတ်မှတ်တိုင်များတွင် ခရီးသည် အတင်/အချပြုလုပ်ရန် မည်သို့စီစဉ်ကြီးကြပ် အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးခွန်းအား ဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117