Connect with us

Europe

နယ်စပ်ဒေသ၌ ယူကရိန်း၏ ရန်စမှုများကို ရုရှားက ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ပူတင် ပြောကြား

ရုရှားသမ္မတ ပူတင်အား စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
နယ်စပ်ဒေသ၌ ယူကရိန်း၏ ရန်စမှုများကို ရုရှားက ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဩဂုတ် ၁၂ ရက် ရုရှားနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသအခြေအနေဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ရုရှား-ယူကရိန်း နယ်စပ်ဒေသအခြေအနေကို သုံးသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ယူကရိန်းကို ရုရှားနယ်နိမိတ်အတွင်းမှ နှင်ထုတ်ခြင်းနှင့် နယ်စပ်ဒေသကို ထိရောက်စွာ ကာကွယ်ခြင်းက လက်ရှိ အရေးအကြီးဆုံး တာဝန် ဖြစ်ကြောင်း ပူတင်က အစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။
Kursk ပြည်နယ်တွင် ယူကရိန်းစစ်တပ် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၁၂၁ ဦး ရှိပြီး ဒဏ်ရာရသူများအနက် ကလေးငယ် ၁၀ ဦး ပါဝင်ကြောင်း ယင်းပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး Alexei Smirnov က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လက်ရှိ Kursk ပြည်နယ်တွင် ယူကရိန်းတပ် ထိန်းချုပ်ထားသည့် လူနေရပ်ကွက် ၂၈ ခု ရှိကြောင်း၊ ယင်းနေရာအချို့၌ နေထိုင်သော လူပေါင်း ၂,၀၀၀ ခန့်၏ အခြေအနေကို အတိအကျ မသိရသေးကြောင်း၊ ပြည်နယ်အတွင်းရှိ လူပေါင်း ၁၂၁,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့်နေ့က Kursk ပြည်နယ်အား ယူကရိန်းတပ် ဦးတည်သည့် ၇ ကြိမ်တိုင် ထိုးစစ်ဆင်မှုကို ရုရှားတပ်က ချေမှုန်းနိုင်ခဲ့ကြောင်း ၊ ရန်သူဘက်က ရွေ့လျားတပ်ဖွဲ့၏ ရုရှားနိုင်ငံ နယ်နိမိတ်သို့ နက်ရှိုင်းစွာ ဝင်ရောက်ရန် ကြိုးပမ်းမှုကို နောက်ဆုတ်အောင် ဟန့်တားခဲ့ကြောင်း၊ ယူကရိန်းတပ်သည် Kursk ပြည်နယ်သို့ ဦးတည်မှုတွင် လူပေါင်း ၂၆၀ ၊ သံချပ်ကာယာဉ် ၃၁ စီး ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
普京:俄方将坚决回应乌方在边境地区的挑衅
新华社莫斯科8月12日电(记者赵冰)俄罗斯总统普京12日就俄南部边境局势召开会议时表示,俄方将坚决回应乌方在边境地区的一系列挑衅。
普京在会议上强调,俄方将评估俄乌边境地区情况,将乌方赶出俄领土并有效防守边境地区是当前首要任务。
库尔斯克州代理州长斯米尔诺夫在会议上说,乌军对该州的袭击已经造成12人死亡,121人受伤,伤者中包括10名儿童。乌军目前控制了该州28个居民点,居住在这些居民点的大约2000人情况不明。目前该州有约12.1万人被疏散。
俄国防部12日通报说,在过去一昼夜,俄军在库尔斯克方向击退乌军7轮进攻,挫败敌方机动小组突破并深入俄领土的企图。乌军在库尔斯克方向损失260人、31辆装甲车。
1. 6月7日,俄罗斯总统普京在圣彼得堡国际经济论坛全体会议上讲话。新华社记者白雪骐摄